ဒေါ်အောင်ဆန်းစုကြည် ကရင်နဲ့ ရှမ်းပြည်နယ်တွေကိုပါ သွားရောက်မည်

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့်ဇန်နဝါရီလ တတိယအပတ် နဲ့ နောက်ဆုံးအပတ်အတွင်း ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံပြည် သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်တွေအတွင်း ဟောပြောပွဲတွေလုပ်မှာဖြစ်ပေ မယ့် အကြောင်းအရာကတော့ အတိအကျ မသိသေးကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကတော့ ပြောပြီးသွားပြီ၊ ဒါပေမယ့် ကျေးရွာက လူတွေလည်း ထပ်ပြီးသိချင်လို့ သူပြောတဲ့အထဲမှာ ပါချင်လည်းပါဦးမှာပေါ့နော်၊ အခုအချိန်မှာတော့ ၂ဝဝ၈ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လည်း ပြည်သူတွေရဲ့အင်အား၊ သဘောထားတွေ ကို လုပ်ပြီးသွားပေမယ့် ထပ်ပြီးတော့ ဒီဘက်မှာလိုချင်လို့ဖြစ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူကဆွေးနွေးခန်းထည့်ထားတာ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၁၈ရက်နဲ့ ၁၉ရက်နေ့တွေမှာ ကရင်ပြည်နယ်၊ဘားအံမြို့မှာ လူထုတွေ့ဆုံပွဲလုပ်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၅ရက်နေ့မှာတော့ ရှမ်းပြည်နယ် နမ့်စမ်၊ မိုးနဲနဲ့ လင်းခေးမြို့တွေကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်နယ်မှာကျင်းပမယ့် လူထုဆန္ဒကောက်ခံပွဲမှာ တက်ရောက်ဟောပြောဖို့ရှိတယ်လို့လည်း သိရပါတယ်။