ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ကို သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ရွေးကောက်ခံနယ်မြေ ကော့မှူးမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

အဲဒီလိုသွားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကော့မှူးမြို့နယ်ဒေသခံတွေရဲ့အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့ အတွက် ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း သွားရောက်ပြီး ပါတီဝင်တွေနဲ့တွေဆုံကာ ပါတီရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီကနေ့ခရီးစဉ်အတွင်း ကော့မှူးမြို့နယ်မှာရှိတဲ့ မြို့သစ်တောင်ချောင်လမ်းသစ်ဖောက်လုပ်ထားတဲ့ အခြေအနေနဲ့ လက်ခုပ်ကျေးရွာမှာရှိတဲ့ အသစ်ပြုပြင်ထားတဲ့ မူလတန်းကျောင်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။