ဥပဒေစိုးမိုးရေးဗဟိုဌာနတွေ တိုးချဲ့ဖွင့်လှစ်သွားဖို့ ဒေါ်အောင် ဆန်းစုကြည်ပြော

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတွေ ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း ဆက်လက် ဖွင့်လှစ်ဖို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ ဆွေးနွေးပွဲ မှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်လွှတ်တော်ရုံးခွဲမှာ ဒီကနေ့ကျင်းပခဲ့တဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအေဂျင်စီ UNDP က ကိုယ်စား လှယ်တွေ တက်ရောက်တဲ့ ဆွေးနွေးပွဲမှာ ပြောကြား ခဲ့တာလို့ ကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာဇော်မြင့်မောင်က ပြောပါတယ်။

"မူအားဖြင့်တော့ တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတွေ ထပ်ပြီးတော့လိုသေးတယ်ဆိုတာကို ဆက်လုပ်ဖို့ အစီအစဉ်ကတော့ နဂိုကတည်းကရှိပြီးသားပါ၊ ဒီလိုဆက်ပြီးတော့ ဖွင့်နိုင်အောင် ကျနော်တို့ဥက္ကဌက ဆက်ကြိုးစားမှာပါ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မန္တလေးနဲ့ လားရှိုးမြို့တို့မှာ တရားဥပဒေစိုးမိုးရေး ရှေ့ပြေးစီမံကိန်းရုံးခန်းတွေ ဖွင့်လှစ်ခဲ့ပြီး အဲဒီမှာသင်တန်းသားအယောက် ၈ဝ တက်ရောက်ခဲ့ပါတယ်။ အဲဒီရှေ့ပြေးစီမံကိန်း က လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့ အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။

နောက်ထပ်လည်း တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတွေကို UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ အကူအညီနဲ့ တစ်နိုင်ငံလုံးမှာ ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။