ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်

2016-05-31
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောစဉ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောစဉ်
Photo: Kyaw Htoon Naing/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနေ့က ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို တည်ငြိမ်ဖို့နဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတာတွေကို ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုး ရ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာလို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ပြည်သူလူထု ကောင်းဖို့အတွက် ကို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူရှိတယ်၊ ဖွံ့ဖြိုးမှုနောက်ကျရင် ဆင်းရဲတဲ့ ပြည်နယ်တွေကို အရင်ဦး စားပေးပြီးတော့ ဆောင်ရွက်မယ်ပေါ့နော်၊ အဲ့ဒါကြောင့် ချင်းတို့ ရခိုင်တို့ကိုဆောင်ရွက်နေတာရှိတယ်၊ အခုရခိုင်ကို စပြီးတော့ ဦးစားပေးအနေနဲ့ ဆောင်ရွက်တာပေါ့၊ လက်ရှိရရှိနေတဲ့ တည်ငြိမ်မှုကိုလဲ ပိုကောင်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရးကို ဆောင်ရွက်ဖို့ အတွက် ဒီအဖွဲ့အစည်းကိုဖွဲ့တာပါ"

အဲဒီကော်မတီမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု က ပြည်ထောင်စုဝန်ကြီးတွေ က အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေ ကို ဒီကော်မတီက လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ပြည်နယ်တွေကိုလည်း အခုလိုကော်မတီတွေ ဖွဲ့စည်းပြီးဆက်လက်ဆောင် ရွက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Kyaw Tun

နေရပ်- U. S. A

We want to peace, security, stability and development. We don't need anymore rule of centralism or centralized government. It is not practical system of democracy and federalism. Totally, it is de facto political executive power to rule in Arakan.

Jun 01, 2016 08:10 AM

အမည်မဖော်လိုသူ

God Bless you in Choosing Correct Path & Ideas & making right Decisions in Nation Building Tasks.

May 31, 2016 11:34 PM

ရခိုင်သား

ကဲ မူဝါဒ နဲ့ ရည်ရွယ်ချက် ကတော့ ကောင်းနေပြီ ဒေါက်တာအေးမောင် အပါအ၀င် တချို့ နေရာ မရလို့ မကြေနပ်ကြတဲ့ ရခိုင်တွေ မပူးပေါင်း မဆောင်ရွက်ပဲ ကန့် လန့် တိုက်နေအုံးမှာလား။ ခုတော့ ခွဲထွက်ဖို့ မဟုတ်ဘူး ကိုယ်ပိုင်အုပ်ချုပ်တာပဲ တောင်းဆိုတာ လို့ ပြောနေပြီး အရင်အာဏာရှင် ခေတ်က ဖက်ဒရယ်ဆိုတဲ့စကားပြောတာနဲ့ ထောင်အနှစ် ၂၀ ချတဲ့ခေတ်တုန်းကတော့ အဲဒီလူတွေ မမွေးသေးလို့ထင်တယ်။

May 31, 2016 08:39 PM

ဆိုက်တခုလုံးသို့