တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်

တိုင်းပြည်စီးပွားရေး ကောင်းလာရုံ တခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်း သွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းရင်းသားပါတီပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ ကျင်းပတဲ့ မိတ်ဆုံစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တိုင်းထွာကြည့်ရှုရာမှာ ငွေကြေးဥစ္စာချမ်းသာသူတွေကို ကြည့်ပြီး တိုင်းထွာတာမျိုး မဖြစ်သင့်ပဲ၊ ဆင်းရဲသားအများစုရဲ့ လူနေမှုဘ၀ ဘယ်လောက် မြင့်တက်လာသလဲဆိုတာကို အဓိကထား ကြည့်ရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် အစည်းအဝေးပြီးတိုင်းမှာ အခုလို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညစာစကားဝိုင်းပုံစံမျိုး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ က ကောက်နှုတ်တင်ပြထားပါတယ်။

0:00 / 0:00