ဟသာၤတခရိုင် တကသအဖွဲ့ဝင် များနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆွေးနွေး

0:00 / 0:00

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟသာၤတ ခရိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဟသာၤတမြို့မှာ ဒီနေ့တွေ့ဆုံပြီး အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။

အဲ့ဒီ တွေ့ဆုံပွဲကို ဟင်္သာတတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသား ၄ဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့လဲ သိရပါတယ်။

အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသား ကိုယ်စား လှယ်တွေ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်အရ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ မတ်လ ၅ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကြားနာပွဲတွေ ကျင်းပသွားဖို့ ရှိပါတယ်။

ဟင်္သာတခရိုင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုမျိုးမင်းဇော်ကို RFA ဦးတင်အောင်ခိုင် က မေးမြန်းထား ပါတယ်။