အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ မနေ့ညနေက သမ္မတရုံးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ အတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ လက်တွေ့ကျ တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် တွေ့ ဆုံဆွေးနွေးကြတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ပြောပါတယ်။
“အဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးနဲ့ ကျနော်တို့ သမ္မကြီးဘက်ကလုပ်တဲ့ ပညာရေး ပြုပြင်ပြောင်း လဲရေး အဲဒါကိုနှစ်ဦးနှစ်ဘက် အပြန်အလှန်ပေါ့လေ နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်သွားဖို့၊ နိုင်ငံ့အကျိုးအတွက် ပညာရေးကဏ္ဍမှာ ပူးပေါင်းသွားဖို့ အဲဒါအဓိက ဆွေးနွေးတာပါ”
အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းလည်း တက်ရောက်ခဲ့ပါတယ်။
အစိုးရကဖွဲ့စည်းထားတဲ့ လက်တွေ့ကျတဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးကော်မတီကို သမ္မတရုံးအမှတ် ၅ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဥက္ကဌအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။