ဒေါ်အောင်ဆန်းစုကြည်နဲ့ နန်စီ ပလိုစီ တွေ့ဆုံ


2015.04.02

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော် အမတ် Nancy Pelosi နန်စီ ပလိုစီ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော်အဆောက်အဦးမှာ မနေ့ ညနေ ၄ နာရီက သွားရောက်တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD လွှတ်တော်ကိုယ်စားလှယ် ငါးဦး တက်ရောက်ခဲ့ပြီး အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာတော့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် ငါးဦးနဲ့ ရီပတ်ပလစ်ကန်ပါတီက အမတ် တစ်ဦးပါဝင်ပါတယ်။ အဲဒီ တွေ့ဆုံပွဲက ဆွေးနွေးပြောဆိုချက်တွေကို အသေးစိပ်မသိရသေးပါဘူး။

အမေရိကန် လွှတ်တော်အမတ် Nancy Pelosi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေကို ခရီးထွက်လာတာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် အမျိုးသမီးရေး၊ အလုပ်သမားရေးနဲ့ ဘာသာရေး အစရှိတဲ့ လူ့အခွင့်အရးဆိုင်ရာပြဿနာတွေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ မစ္စစ်နန်စီ ပလိုစီ က ပြောဆိုထားပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း မနေ့က မွန်းလွဲ ၂ နာရီမှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့တွေ့ဆုံရာမှာ လုံခြုံရေး၊ လူ့အခွင့်အရေးနဲ့  ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။