NLD နဲ့ ၈၈ ပူးပေါင်းပြီး မီးမောင်းထိုးမယ်လို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ပြည်သူတွေပိုမို နားလည်နိုင်ရေးနဲ့ အဓိကထားပြင်ဆင်ဖို့လိုတဲ့ အချက်ကို မီးမောင်းထိုးပြနိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ ကျင်းပဖို့ စီစဉ် တာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာပါ။ ဒါ့အပြင် အခုလှုပ်ရှားမှှုမှာ တခြားအဖွ့ဲအစည်းတွေ ပါဝင်ပူးပေါင်းမယ်ဆိုရင် ပိုပြီးအားကောင်းမှာဖြစ် တယ်လို့လည်း ပြောပါတယ်။

"တခြားအဖွဲ့အစည်းတွေ ပါဝင်လာရင်တော့ ကောင်းတာပေါ့၊ ဒါကိုအားလုံး ဝိုင်းဝန်းလှှုပ်ရှားမှှုထဲမှာ ပါရမယ်လို့တော့ မဟုတ်ပါဘူး၊ သူတို့နည်းသူတို့ဟန်နဲ့ လုပ်လို့ရှိရင်လည်းရပါတယ်"

တဆက်တည်းမှာပဲ ဝင်ငွေခွန်ကောက်ခံမှှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ ပြည်သူတွေမှာ အခွန်ဆောင်ဖို့ တာဝန်ရှိသလို အစိုးရရဲ့သုံးစွဲပုံကို သိခွင့်လည်းရှိတယ်လို့ပြောပါတယ်။

"အခုဟာက အခွန်ငွေကို အစိုးရကနေ ဘယ်လိုသုံးနေမှန်းလည်းမသိ၊ ဘယ်သူ့အတွက် သုံးမှန်းလည်းမသိ ဥပမာဆိုလို့ရှိရင်ပေါ့နော် စည်ပင်အခွန်ပေးရပေမယ့်လည်း လမ်းဘေးမှာ အမှိှုက်တွေပုံနေတာတို့ ၊ မြောင်းတွေပိတ်နေတာတို့ ဒါတွေမြင်တဲ့အခါကျတော့ ပြည်သူတွေကအခွန် ပေးချင်တဲ့စိတ်မရှိဘူးပေါ့ ဆိုတော့ အခွန်ယဉ်ကျေးမှှုတစ်ခု အခွန်ပေးတယ်ဆိုတာဟာ ပြည်သူတွေရဲ့ တာဝန်တစ်ခုဖြစ်တယ်၊ ဒီလိုအခွန်တွေပေးမှ နိုင်ငံရဲ့တိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုတာတွေ နားလည်ဖို့ ဆိုတာဟာ အစိုးရမှာ တာဝန်အများကြီးရှိပါတယ်"

ဒါ့အပြင် စီးပါွးရေးတိုးတက်မှုရဲ့ အဟန့်အတားတွေနဲ့ အောင်မြင်မှှုရဲ့ သော့ချက်တွေ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကိုးအကားနဲ့ ပြောကြားခဲ့ပါတယ်။