မနက်ပိုင်း ပြည်သူ့လွှတ်တော် မစခင် သူရဦးရွှေမန်းနဲ့ တွေ့ဆုံပြီး ပြည်သူ့လွှတ်တော် ကျင်းပနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် လာလေ့လာသွားတယ်လို့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူရဦးရွှေမန်းက ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အန်အယ်လ်ဒီပါတီရဲ့မူဝါဒ သဘောထား၊ ရှေ့လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်ဖို့ ရိုက်ကူး အသံသွင်းရေးအတွက် နေပြည်တော်ကို ရောက်နေတာပါ။
