လွတ်လပ်မှုကို ပိတ်ပင်တဲ့ ဥပေဒတွေ ဖျက်သိမ်းရမည်

ပြည်သူတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေအားလုံးကို ဖျက်သိမ်း သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် အခုလို ဖြေကြားခဲ့ပါတယ်။
2012-10-23
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-0820-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
RFA

“… ပြည်သူတွေရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကိုပေါ့နော် ကန့်သတ်တဲ့ ဥပဒေတွေဆိုရင် အားလုံး ဖျက်သိမ်းရမယ်။ ပုဒ်မ ၁၀ တင်မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်ပေါ့နော်။ နောက်ပြီးတော့ ၁၇ စသဖြင့်၊ နိုင်ငံရေးအရ ကိုယ်မလိုလားတဲ့သူတွေကို ဆင်ခြေ ပေးပြီးတော့ ဖမ်းနိုင်တဲ့ ဥပဒေမှန်သမျှဟာ ဖျက်သင့်တယ်လို့ထင်ပါတယ် ..”

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး  သူ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ဒီပြဿနာတွေ အမြန်ဆုံး ပပျောက်ဖို့အတွက် ဥပဒေစိုးမိုးမှု အရေးကြီးကြောင်း လည်း သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်ဆိုတာ လူငယ်တွေကို ဘဝအတွက် ပြင်ဆင်ပေးတဲ့ နေရာ ဖြစ်တာကြောင့် သူ့အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ အမြဲတမ်း တိုက်တွန်းသွားမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီကနေ့ လွှတ်တော်မှာ ၁၉၇၅ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်တဲ့ ဥပဒေကို ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်က အဆိုတင်သွင်းတဲ့ အပေါ် ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ကထောက်ခံပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး လာမယ့်  နိုဝင်ဘာလ ၁၀ ရက်နေ့ မတိုင်ခင် သွားရောက်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

BEHS 2 Dagon

နေရပ်- Myoma) (

We regard Daw Aung San Suu Kyi as an IDEAL LEADER of Burma.

Oct 24, 2012 03:57 AM

အမည်မဖော်လိုသူ

Why did Medias are asking DASSU only about Rohinja? She has no power to decide this case and you can get some answer but any answer is minus effect for her. Please stop every medias. Go to ask Army.

Oct 23, 2012 08:23 PM

All Myoma Students

This is an achievement worthy of great praise of Daw Aung San Suu Kyi.

Oct 23, 2012 06:58 PM