ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား

ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ် ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက် ပါတယ်။
2013-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
dassk_union_day_305.jpg
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါတယ်၊
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်း ပေးပို့ပြီး ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်း အပြည့်အစုံကို RFA  ၀ိုင်းတော်သား ဦးနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (11)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Even though DASSK was not invited to participate in peace talk, she should announce her opinion what should be done/discussed/based upon. (such as Panglong agreements should be based to proceed)
We should not leave the important thing from the past in the past.

Feb 15, 2013 01:09 AM

Taing Nyein

နေရပ်- Myanmar

We believe that DSSK had sacrificed all her loved ones (husband and two children) not only loved one(one child). When she was under house arrest she never expect and invite anybody to solve her troubles. Now she is proposing many times to participate in peace talk. But KIO hesitate to invite her because KIO have China back ground while one member of peace commission is inviting her.

Feb 14, 2013 04:50 AM

အမည်မဖော်လိုသူ

ဒေါ်စုရဲ့ ရိုးသားစွာ ပါဝင်လိုမူ့ အပေါ် အလုပ် မဖြစ်အောင် ကော်မရှင်ထဲမှာ (သပ်ကောင်)ကြွက်ချီးများ ပါဝင်ထည့်သွင်းမြူတ်နှံ ထားမူ့ များကို သတိထားဘို့ လိုပါမည် မအောင်မြင်လျှင် ဒေါ်စု နာမည်ပျက်နိုင်ပါသည်။

Feb 13, 2013 11:39 PM

(

what r u talking about ??? u should talk about these since 1 year ago...

Feb 13, 2013 08:18 AM

အမည်မဖော်လိုသူ

အမေစုရယ် ငြိမ်းချမ်းရေးအတွက် ရှည်ရှည်ဝေးဝေး တွေးစရာ၊ဆွေးနွေးစရာမလိုပါဘူး။အမေစုအဖေဖြစ်တဲ. လွှတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းရဲ. ပင်လုံစာချုပ်အတိုင်း၊လမ်းလျှောက်ရင် လမ်းမှားစရာမလိုပါဘူး ။ဘယ်လောက်ပဲဆွေးနွေး ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ရင်တော. ဒီပုပ်ကဒီပဲ

Feb 13, 2013 04:52 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.