ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်စေလို


2013.07.15

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ သူတတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် အရင်ကပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူ မဟုတ်ရင်တောင်၊ လေ့လာသူအဖြစ် ပါဝင်သင့်ပါတယ်လို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။