ပုဂံမြို့ကို ဘုရားဖူး ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေက ပုဂံ ညောင်ဦးလေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ကြိုဆိုခဲ့ကြပါတယ်။
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပုဂံသို့ ဘုရားဖူးခရီး ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ပုဂံ River View Hotel မှ ဝန်ထမ်းများက ကြိုဆိုနေစဉ်။ (www.demowaiyan.co.cc)
ဒေါ်အောင်ဆန်းစုကြည် ပုဂံကို လာရောက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အနီးကပ် စောင့်ကြည်တာက လွဲပြီး ဟန့်တားမှုတွေ မလုပ်ဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။
“မနက်က ပုဂံကို ၈ နာရီ ၁၂ မိနစ်မှာ ရောက်သွားပါတယ်။ သူနဲ့အတူ ဗိသုကာ ဦးခွန်သာမြင့်နဲ့ ရုံးအဖွဲ့ဝင် ဓာတ်ပုံဆရာ ၃ ယောက် အတူတူ ပါသွားပါတယ်။ သားငယ်ဖြစ်တဲ့ Kim က ကားနဲ့ ပုဂံကို ချောချောမောမော ရောက်ပါတယ်။ ဒီနေ့မနက်ကျမှ ဒေါ်အောင်ဆန်းစုကြည်က လေကြောင်းနဲ့ လိုက်သွားတာပါ။ အစီအစဉ်အတိုင်း ဘုရားဖူးဖို့ နားဖို့ပါပဲ”
ဒီခရီးစဉ်ဟာ ဘုရားဖူးဖို့ သက်သက်သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာ ပြည်တွင်းထုတ် The Voice ဂျာနယ်မှာ ပုဂံ ညောင်ဦး အုပ်ချုပ်ရေးမှူးက နယ်မြေအတွင်းရှိ ဘုရားဂေါပက အဖွဲ့တွေကို ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခြင်းနဲ့ အလှူငွေ လက်ခံခြင်းတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ခရီးစဉ်မှာ ပါဝင်တဲ့ ဗိသုကာ ဦးခွန်သာမြင့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ
KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်
မှတ်ချက်များ
Click here to add your own comment