ဒီမိုကရေစီ တကယ်လိုလားရင် ဖွဲ့စည်းပုံ ကို ပြင်မှဖြစ်မယ်လို့ ဒေါ်စု ပြောကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
2012-11-22
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
parliamentary-305
နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတွေ့ရစဉ်
Photo: RFA

RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် အင်္ဂါနေ့က ဆက်သွယ်မေးမြန်းရာမှာ သမ္မတအိုဘားမားက မြန်မာပြည်မှာ ပြည်သူလူထုက ရွေးချယ်တဲ့အစိုးရကသာလျှင် တိုင်းပြည်အုပ်ချုပ်ခွင့်ရှိရေးကို အာမခံတဲ့ ဖွဲ့စည်းပုံဥပဒေတခု ပေါ်ပေါက်ဖို့လိုကြောင်း ပြောဆိုခဲ့တာနဲ့ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုပြုပြင်ဖို့အတွက် NLD ပါတီတခုတည်းရဲ့ သဘောထားနဲ့ ဆောင်ရွက်မှာမဟုတ်ပဲ လွတ်တော်ကိုယ်စားလှယ်အများစုနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တဆက်တည်းမှာပဲ ဝန်ကြီးဌာနတွေက နိုင်ငံတော်ဘဏ္ဏာငွေ ကျပ်သန်းပေါင်း ၆ သောင်းခန့် အလွဲသုံးစားပြုခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း တက္ကသိုလ်တချို့ကို သွားရောက်လေ့လာခွင့်ရခဲ့ရာမှာ အင်မတန်အားကျစရာကောင်းကြောင်းနဲ့ မကြာခင် ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေးအတွက် ကော်မတီတခုဖွဲ့စည်းဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆိုခဲ့ပါတယ်။

ကွန်မင့်များ (8)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ရွေဒေါင်း

နေရပ်- မြန်မာနိုင်ငံ ဗမာပြည်

စာဝင်စာထွက် စာရေးကို အရေးယူဆိုရင် ပြည်သူ့အသံကို နားထောင်ပါတယ်ဆိုပြီး အရေးယူပြပါလိမ့်မယ်။ ဒါဟာ ကျေနပ်စရာတော့ မဟုတ်ပါဘူး။ သူထက်ကဲတွေပဲ ငွေပုံပေးပြီး နေရာဝယ်ဖို့ ရောင်းဖို့က အဆင်သင့်ပါ။
ဦးအောင်မင်း ဦးသိန်းစိန်တို့ဟာ အခု ရက်ပိုင်း ပြည်သူတွေမကြိုက်တဲ့ စကားတွေကို ရွေးပြောနေပါတယ်။ တရုတ်က ကျေးဇူးကြီးတယ်တဲ့။ စစ်တပ်က ကူညီနေတာ ကျေးဇူးရှိတယ်တဲ့။ စစ်သားကိုရော တရုတ်ကိုရော ကုလားကိုရော ဗမာတွေ မမုန်းတတ်ပါဘူး။ သူတို့ ညွှန်းလိုက်တဲ့ အုပ်စုကို မုန်းတာ ရွံတာပါ။ မုန်းစကားမဆိုနဲ့ ချစ်သဲ။

Nov 27, 2012 04:35 AM

အမည်မဖော်လိုသူ

We want democracy for Myanmar people thanks for all

Nov 26, 2012 08:19 AM

ပီကေ

နေရပ်- နေပြည်တော်

အလွန်ကောင်းမွန်တဲ့အဆိုဖြစ်ပါသည်။

Nov 24, 2012 12:36 AM

poorruralfarmer

နေရပ်- Myanmar

အခြေခံဥပဒေကို ပြင်သင့်သလို ပြင်ပြီးရင်လည်း သမ္မတမှ အစ ဆင်းရဲသားပြည်သူအဆုံး တစ်ပြေးညီ လိုက်နာဘို့ ဥပဒေပါ ပြဌာန်း ပေးစေခြင်းပါတယ်။
ဌာနဆိုင်ရာ လတ်စားမှုတွေကိုတော့ စံနမူပြ အရေးယူဘို့ အဓိက လိုအပ်ပါတယ်၊
မှတ်ချက်၊ စာဝင်စာထွက်ကိုင်တဲ့ စားရေးက (500)ကျပ် တောင်းတာကို စံနမူနာပြ အရေးယူတာ မျိုး မဖြစ်ဘို့ကလည်း အလွန်အရေးကြီးပါတယ်ခင်ဗျာ

Nov 23, 2012 02:41 AM

Kang

Bad tree makes bad fruits,Bad Law makes the nation die. We need smart and wise leader for CHANGE,

Nov 23, 2012 12:18 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.