၁၂ ပွင့် ဆုံးဖြတ်ချက်ဟာ အနှောင့်အယှက်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2014.12.10
dassk-media-305.jpg မေလ ၃ဝ ရက်နေ့ ပြည်သူ့လွှတ်တော် ခေတ္တရပ်နားစဉ်မှာ လွှတ်တော်ကို တက်ရောက်သတင်းရယူနေတဲ့ ပြည် တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေ ကို ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုနေစဉ်
Photo: Myo Thant Khaing/RFA

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ပွင့် ဆိုင်ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ ဆွေးနွေးပွဲအစစ်အမှန်တွေ ပေါ် ထွန်းရေးကို အနှောင့်အယှက်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြား လိုက်ပါတယ်။

"အရင်တုန်းက ၄ ပွင့်တောင်းတုန်းက ၁၄ ယောက်တွေ့သလိုလို၊ ဘာလိုလို နောက်တော့ ၆ ပွင့်ဆိုင်၊ အခု ၁၂ ပွင့်ဆိုင်လိုလို အဲ့လိုဟာတွေ လုပ် တာကတော့ ကျမအနေနဲ့တော့ တကယ့်ဆွေးနွေး ပွဲတွေ မဖြစ်မြောက်အောင် ဦးတည်တယ်လို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ"

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ မှာတော့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တစ်စုံတစ်ရာ တိုးတက်မှုရှိခဲ့တယ်လို့ ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"လူ့အခွင့်အရေး အခြေအနေကတော့ လုံးဝကျေနပ်ဖို့ လိုပါသေးတယ်၊ ဒါပေမဲ့ ဘယ်လိုပဲပြောပြောပေါ့ အရင် ၁ဝ နှစ်ကစာလို့ရှိရင် တိုးတက်မှုရှိတယ်လို့ ပြောရမှာပေါ့"

အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။