ဒီမိုကရေစီနိုင်ငံရေး နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား


2013.11.13
dassk-nld-305.jpg ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့တာတဲ့ NLD ပါတီဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်
photo: RFA/ Win Naung Toe

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ အတွက် နောင်လာမယ့်မျိုးဆက်တွေဟာ ဒီမိုကရေစီစနစ်အောက်မှာ ကြီးပြင်းရမှာဖြစ်ပြီး အဲဒီ ဒီမိုကရေစီနိုင်ငံရေးကိုနားလည်တဲ့ မျိုးဆက်တွေ လူလားမြောက်တဲ့အချိန်ကျမှသာ စိတ်ချရတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော လိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာတဲ့ ဧရာဝတီတိုင်း ၊ အိမ်မဲမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေနဲ့တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

“ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အခြေခံကို ကျမတို့ အခုချရမယ်၊ အခုမချလို့ရှိရင် နောင်မှာကျလို့ ရှိရင် နောင်လာနောင်သားအတွက် ဒီမိုကရေစီ ခိုင်မာမှာမဟုတ်ဘူး၊ ဒီမိုကရေစီဆိုတာ တစ်နှစ်နဲ့လည်း မရဘူး၊ သုံးနှစ်နဲ့လည်းမရဘူး၊ အခြေခိုင်သွားဖို့ဆိုတာဟာ မျိုးဆက်တစ်ခုလောက်ကျော်သွားမှ အခြေခိုင်သွားမယ်လို့ ပြောလို့ရပါတယ်၊ တောက်လျှောက် ဒီမိုကရေစီစနစ်အောက်မှာ ကြီးပြင်းလာတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေးကို နားလည်တဲ့ကလေးတွေ လူလားမြောက်ပြီဆိုမှ ဒီမိုကရေစီစနစ်က စိတ်ချရလောက်ပြီ၊ စိတ်ချတာ ၁ဝ ရာခိုင်နှုန်းမဟုတ်ဘူး၊ ဒါပေမယ့် စိတ်ချရလောက်ပြီလို့ တွက်နိုင်တယ်”

ဒါ့အပြင် ဒီမိုကရေစီရဲ့ တကယ့်အနှစ်သာရဆိုတာဟာ မတူတဲ့သဘောထားအမြင်တွေကို လက်ခံပြီး အဲဒီသဘောထားအမြင်တွေကနေ ညီညွတ်မှုကို ရအောင်ယူတတ်ဖို့ ဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။