လွှတ်တော်မှာ အကဲဖြတ်လေ့လာ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေ ဟာ ပြည်သူတွေအတွက် တကယ်ထိရောက်မှုရှိရဲ့လား ဆိုတာ လေ့လာဖို့လိုအပ်ကြောင်း ဒီနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို လာရောက်လေ့လာတဲ့ အန်အယ်လ်ဒီပါတီဝင်တွေကို တိုက်တွန်းပြောကြား လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော ်အစည်းအဝေးကို လာရောက်လေ့လာတဲ့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွေက အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။

“ကိုယ်စားလှယ်တွေ ပြောတာဆိုတာတွေ သေသေ ချာချာလေ့လာရမယ်၊ ကိုယ်စားလှယ်တွေပြောတာ က ထိရောက်မှုရှိရဲ့လား၊ တကယ်ပဲ အများအကျိုးကို ကြည့်ပြီးပြောတာလား၊ ဒါမှမဟုတ် ကိုယ့်ဘက်ကိုယ်ဆွဲပြောတာလားပေါ့၊ ကိုယ့်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကိုယ်နဲ့ပတ်သက်တဲ့သူပဲဖြစ်ဖြစ် အဲဒါမျိုးကကြည့်ထားရမယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ အန်အယ်လ်ဒီ ပါတီဝင်တွေအပြင် မြန်မာနိုင်ငံတောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီဝင်တွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီဝင်တွေနဲ့ တွေ့ဆုံရာမှာ လယ်ယာမြေ အငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါ အုပ်ချုပ်ရေးပိုင်းကိုချည်း ပုံချမနေဘဲ အောက်ခြေမှာလည်း ပြေလည်အောင်ဖြေရှင်းရမှာတွေရှိကြောင်း ပြောကြားခဲ့ပါတယ်။