အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူတဦးချင်းစီအလိုက် ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်တပ်မရပ်နိုင်ဘဲ သူတပါးကိုသာ မှီခိုနေရတယ်ဆိုရင် လွတ်လပ်ရေးရတယ်လို့ မခေါ်ဆိုနိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံအလိုက် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း ဘယ်နိုင်ငံက လာကူညီမလဲလို့ မျှော်လင့်နေရမှာ မဟုတ်ကြောင်း၊ မျှော်လင့်ချက်ကို အလုပ်နဲ့အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း၊ အဲဒီလို အကောင်အထည်ဖော်ရာမှာလည်း ကိုယ့်အားကိုယ်ကိုးပြီး အဓိကလုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့အပြင် မန္တလေး၊ မြစ်ကြီးနားနဲ့ ကော့သောင်းမြို့တွေက NLDအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေမှာလဲ ကျင်းပခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲက ထူးခြားချက်များကို ဒေါ်ခင်ခင်အိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |