မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၇ နာရီမှာ ပုဂံညောင်ဦးဒေသကို မန္တလေးလေကြောင်းနဲ့ ခရီးထွက်ခွာ သွားပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံပို့ဆောင်သူ ဦးထင်ကျော်က ပြောပါတယ်။
နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာလ ၂၄ ရက်နေ့ တွင် ၁၀ နှစ်ကျော် ခွဲခွါနေခဲ့ရသော သားငယ် ကိုထိန်လင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမျှော်နေစဉ်။ (Photo: AFP)
“မိသားစု ဘုရားဖူး သက်သက်ပါပဲ။ အေးအေးဆေးဆေး ပါပဲ အခုထိတော့လေ။ ဒီနေ့ မနက်ဆို ရောက်သွားမှာပါ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ဟာ သားဖြစ်သူ ကိုထိန်လင်းနဲ့အတူ ဘုရားဖူးသွားတဲ့ ခရီးစဉ် ဖြစ်ပေမယ့် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း နယ်ခရီးကို ပထမဦးဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD ပါတီက လုံခြုံရေး တာဝန်ယူထားသူတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။ အခုခရီးစဉ်မှာ ပုဂံ ညောင်ဦး ဒေသခံတွေကို နိုင်ငံရေး ဟောပြောမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံရေး ဟောပြောမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေကို စတင်တော့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ အစပိုင်းမှာ သတင်းဌာနတွေကို ပြောဆိုခဲ့ပြီးနောက် မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ဇွန်လ ၂၈ ရက် နေ့စွဲနဲ့ တားမြစ်စာတစောင် ပေးပို့ခဲ့ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ
KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်
မှတ်ချက်များ
Click here to add your own comment