ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်သူတွေကို မေတ္တာ ရပ်ခံချက်

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတွေ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို ဒီနေ့ လွှတ်တော်မှာ စတင်တော့ မှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ အန်အယ်လ်ဒီကို တခဲနက် ထောက်ခံအားပေးတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက် လိုလားတောင့်တချက်တွေကို ဖေါ်ဆောင်ရေးရဲ့ အရေးကြီးတဲ့ ခြေလှမ်းလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒကို အပြည့်အဝေ အကောင်အထည် မဖေါ်နိုင်မီ ကာလအတွင်း တည်ငြိမ်အေးချမ်းစွာနဲ့ ပန်းတိုင်ရောက်ရေးအတွက် အားလုံးက ဉာဏ် အမြော်အမြင်ဖြင့် ဝန်းရံပေးဖို့ မေတ္တာရပ်ခံကြောင်း ပြော ထားပါတယ်။