ပြဿနာရဲ့ အကြောင်းရင်းမှန်ကို မကြည့်ဘဲ ရိုဟင်ဂျာဘက်က တစ်ဖက်သတ် ရပ်တည်ပြောဆိုမှာ မဟုတ်ကြောင်း၊ ဘယ်ဘက်ကိုမှလည်း တစ်ဖက်သတ် ဘက်လိုက်မှာ မဟုတ်ကြောင်း ဘီဘီစီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ရခိုင်အရေးမှာ နှစ်ဘက်လုံးက သည်းခံစိတ်မွေးကြဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သတ်ဖြတ်နေကြ၊ သူ့အိမ်၊ ကိုယ့်အိမ် အပြန်အလှန် မီးရှို့နေကြမယ်ဆိုရင် ဘယ်လိုလုပ်ပြီး ပြဿနာပြေလည်နိုင်မှာလဲ၊ ပြဿနာရဲ့ တကယ့်အခြေခံ အရင်းအမြစ်တွေကို မရှုမြင် မသုံးသပ်ဘဲ ပုဂ္ဂိုလ်ရေး သြဇာ အရှိန်အဝါ သုံးစွဲပြီး ဘက်လိုက် မပြောဆိုသင့်ပါဘူး။
တခြားအခြေခံအကြောင်းရင်းတွေကို မကြည့်ခင်မှာ တရားဥပဒေစိုးမိုးမှု ရှိအောင်၊ လူအားလုံး လုံခြုံမှုရှိအောင် ပထမလုပ်ရပါမယ်။ ဘယ်ဘက်ကမှ မရပ်လို့ မိမိအပေါ်မကျေနပ်ကြဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ ဘက်လိုက်ပြီး မပြောနိုင်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။