ပွင့်လင်းမြင်သာမှုမရှိတာကြောင့် လက်ပန်တောင်းတောင် ဆန္ဒပြမှုတွေဖြစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မုံရွာမြို့လက်ပန်းတောင်း တောင်ကြေနီစီမံကိန်းကိုဒေသခံပြည်သူတွေကန့်ကွက်ဆန္ဒပြနေကြတာနဲ့ပတ်သက်ပြီး ဒါဟာ လက်ရှိအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ပေါ်ပေါက်ရတာဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
2012-10-25
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-0502-b305
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် လွှတ်တော်တက်ရောက်စဉ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က လွှတ်တော်ခန်းမအတွင်း သတင်းထောက်များ ၀ိုင်းဝန်းမေးမြန်းနေသည့် မှတ်တန်းပုံ ဖြစ်ပါသည်။
RFA

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခွင့် ရခဲ့စဉ် ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်နိုဝင်္ဘာလ ဒုတိယပတ်အတွင်း အိန္ဒိယနိုင်ငံကို သွားရောက်တဲ့အခါ ဂျရာဝလာနေရူးဆုခြီးမြှင့်ခံရမှုအတွက် ဆုရရှိသူတွေဟောပြောပို့ချရတဲ့ အစဉ်အလာအတိုင်း နိုဝင်္ဘာလ ၁၄ ရက်နေ့မှာ ဟောပြောပို့ချမှဖြစ်ကြောင်းနဲ့ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သိပ္ပံပညာထွန်းကားရေးအတွက် နံမည်ကျော် အိန္ဒိယ တက္ကသိုလ်တခုကို သွားရောက်လေ့လာမယ်လို့ လည်း RFA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကွယ်လွန်မှုအတွက် ကြေကွဲဝမ်းနည်းကြောင်း အမှတ်တရ ပြောဆိုခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကိုတော့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို ဒီကနေ့မနက် အပတ်စဉ်ကဏ္ဏတွေ တင်ဆက်တဲ့အခါ စောင့်မျှော်နားဆင်ပါ။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

BEHS 2 Dagon

နေရပ်- Myoma School) (

We trust Daw Aung San Suu Kyi because she is honest and sharp. She is not only honest, but also industrious. We want to see Daw Aung San Suu Kyi as president of Myanmar 2015.

Oct 30, 2012 09:05 AM