အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် ဖိအားမပေး ဘဲ ဆွေးနွေးညှိနှိုင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖဲ့ွချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်မြို့ က တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကို ပြော ကြားလိုက်ပါတယ်။
ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာ တက္ကသိုလ်နဲ့ ပြည်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်တွေက ကျောင်း သား ကျောင်းသူ ၄၅ ယောက်နဲ့ ပြည်မြို့ မင်္ဂလာဥယျာဉ် ခန်းမမှာ ဒီနေ့မနက်တွေ့ဆုံခဲ့စဉ် ပြောတာဖြစ်တယ် လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းက ပြောပါတယ်။
"အန်တီက အဓိကပြောတာက လွှတ်တော်ကို ဘယ်နှစ်ရက်အတွင်း အပြီးလုပ်ရမယ်ဆိုတဲ့ ဖိအားပေးမှုမျိုးကတော့ မသင့်တော်ဘူးလို့ပြောတယ်၊ ဥပဒေတစ်ခုဟာ အမြန်ဆုံးဖြစ်လာတယ်ဆိုတာထက် အကောင်းဆုံးဖြစ်အောင် ဆွေးနွေးညှိနှိုင်းအဖြေ ရှာပြီးတော့ ဥပဒေတစ်ခုပြဌာန်းတာက ပိုပြီးတော့သင့်တော်တဲ့ ဥပဒေဖြစ်လိမ့်မယ်လို့ အန်တီကပြောပြတယ်၊ ကျနောတို့ကို အကြံပေးသွားတာက လွှတ်တော်ထဲက ဘယ်နှစ်ရက်အတွင်းမှာ အပြီးပေးရမယ်ဆိုတဲ့ပုံစံမျိုးဟာ ဒီမိုကရေစီမဆန်ဘူးလို့ ပြောသွားတယ်"
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတကာပညာရှင်တွေရဲ့ အကူအညီတွေရရှိအောင် ဆောင် ရွက်ပေးမှာဖြစ်ပြီး လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
