ခြောက်ဦးဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


2015.04.08
dassk-42-parties-305.jpg နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေ က ခေါင်းဆောင် ၄၂ ဦးတို့ ဧပြီလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံခဲ့စဉ်။
Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး မနြက်ဖန် ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးဆွေးနွေး ပွဲကို ကြိုဆိုလိုက်ပါတယ်။ RFA က သီးသန့် တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက် သွယ်မေးမြန်းရာမှာ သူကအခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

"ဝမ်းသာတာပေ့ါ၊ အစကတည်းက ဒီလို ခြောက် ဦးတွေ့ဆုံမယ့်ဟာကို လွှတ်တော်ကလည်း တင်ခဲ့ တာဖြစ်တယ်၊ အစ်မတို့ကလည်း အစကတည်းက ဒီဟာကို လိုလားခဲ့တာဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်မြောက်တာကို ကြိုဆိုပါတယ်"

အဲ့ဒီတွေ့ဆုံပွဲကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွတ်တော် ဥက္ကဌတွေအပြင် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးလည်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ သမ္မတအပေါ် သူ့ရဲ့အမြင် ပြောင်းလဲသွားတာမှန်ပေမယ့် လက်ရှိအမြင်ကို ပြောကြားလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

"ဒီခြောက်ဦးဆွေးနွေးပွဲတွေ စတင်ပြီးတော့ အဲ့ဒီဟာတွေ တိုးတက်တဲ့အပေါ်မှာ အခြေခံပြီးမှပြောမယ်၊ အခုတော့ပြောဖို့ နည်းနည်းစောပါသေးတယ်"

တဆက်တည်းမှာပဲ မိမိတို့နိုင်ငံဆင်းရဲတဲ့အတွက် နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဒုက္ခမျိုးစုံကြုံရတဲ့ အဖြစ်မျိုးကနေ ပြည်သူတွေ ကင်းဝေးအောင် တိုင်းပြည်ရဲ့အခြေအနေကို မုချပြုပြင်ရမှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။