နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ ဆုံမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာမယ့် အောက်တို ဘာလ ၂၂ ရက်နေ့မှာ ဒုတိယ အကြိမ် တွေ့ဆုံကြမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အစိုးရကထုတ်ပြန်ထားတဲ့ စီးပွားရေးမူဝါဒတွေထဲမှာ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ နိုင်ငံသားတိုင်း စီးပွားရေးလုပ်ဆောင်ရာမှာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်၊ မူပိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် မှု၊ နိုင်ငံပိုင်လုပ်ငန်းတွေကို ပိုမိုအောင်မြင်အောင် လုပ်ဆောင်သွားဖို့တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာလတိုအတွင်း ပိုမိုဦးစားပေးဆောင်ရွက် ဖို့၊ မျှတတဲ့အခွန်စနစ်ကို ဖော်ဆောင်ဖို့၊ အခြေခံအဆောက်အအုံ အလျင်အမြန်ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့တို့လည်း ပါဝင်ပါတယ်။

အစိုးရရဲ့ စီးပွားရေးမူဝါဒတွေထဲမှာ ငွေကြေးကဏ္ဍအတွက် အရေးပါတဲ့ ဗဟိုဘဏ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ မပါဝင်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်ခဲ့ကြပါတယ်။