လွှတ်တော်ရေးရာကော်မတီနှစ်ခုနဲ့ တရားသူကြီးချုပ်တွေ တွေ့ဆုံ

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ယိုယွင်းနေပြီး အဂတိ လိုက်စားမှုတွေ ရှိနေတာကို ပြုပြင်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီတို့ဟာ တိုင်းနဲ့ပြည်နယ်၁၄ခုက တရားသူကြီးချုပ်တွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

0:00 / 0:00

တွေ့ဆုံဆွေးနွေးမှုမှာ ပွင့်ပွင့်လင်းလင်း ရှိခဲ့ပြီး၊လာဘ်ပေး လာဘ်ယူမှု လျော့နည်းပပျောက်ဖို့ အတွက် လုပ်ငန်းအစီအမံတွေကို ရေးဆွဲခဲ့တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက RFA ကိုပြောပါတယ်။

တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီကို တရားစီရင်ရေး မဏ္ဍိုင်ချို့ယွင်းနေတယ်ဆိုတဲ့ တိုင်စာ ၂၅၀၀ နီးပါးရောက်ရှိနေပြီး၊ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကိုတော့ တိုင်စာ ၁၈၀၀ နီးပါးရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒီအကြောင်း မသင်းသီရိ တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

သတင်း အပြည့်အစုံ။

အသံဖိုင်ယူရန်။