ဒေါ်အောင်ဆန်းစုကြည် ကျီးခေါင်းတောင်စေတီ ထီးတော်တင်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဂီရိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး သွားတဲ့ ကျီးခေါင်းတောင်စေတီရဲ့ ထီးတော်ကို ဖခင်ဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်ကို ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့မှာ လှူဒါန်းလိုက်ပါတယ်။

2011.03.20

အလှူနဲ့ ပတ်သက်ပြီး ကမ္ဗည်းထိုးတဲ့အခါမှာ ‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူအများကောင်းမှု’ လို့ ရေးထိုးလိုက်တဲ့ အကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင်ကြီး ဒေါ်ခင်ကြည်တို့ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများကောင်းမှု’ လို့ ကမ္ဗည်းထိုးပြီး တင်ပါတယ်လို့ ပြောတယ်။ ထီးတင်ပွဲကတော့ တပေါင်းလပြည့်နေ့ မနက်က ပြီးသွားတယ်။ ထီးတင်ပြီးတော့ တခါတည်း အနေကဇာ တင်မယ်။ နောက် ဆရာတော်တွေကို လှူဖွယ်ဝတ္ထုတွေ လှူမယ်၊ ရေစက်ချ အမျှဝေမယ်။ အဖိတ်နေ့ညတုန်းကတော့ အဲဒီ ကျီးခေါင်းတောင် ဘုရားဝင်းမှာ ရှမ်းအက၊ ရခိုင်အက၊ ချင်းအက တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေတယ်။ တော်တော် စည်ကားတယ်လို့ သိရတယ်”

ထီးတင်ပွဲကို CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ NLD CEC အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်၊ NLD ဗဟိုဦးစီး အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဦးဆောင် ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် မုန်တိုင်းသင့် ပြည်သူတွေကို အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့က အကူအညီတွေ မကြာခင်မှာ ရောက်လာဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို မှာလိုက်တယ်လို့လည်း သိရပါတယ်။ ဂီရိမုန်တိုင်းသင့် ပြည်သူတွေကို ကူညီကြဖို့နိုင်ငံတကာကို NLD က မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပနိုင်ငံ သံရုံးတချို့က အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ ကတိပေး ပြောဆိုထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-21 15:43

No mentioning of Mr.M.Aris? her beloved husband who passed away a few years ago? why? why she not even mention her late husband? Interesting indeed!!

Anonymous
2011-11-11 15:00

ကျီးခေါင်းတော်စေတီထီတော်ခေါင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်သည်အမျိုးသမီးတဦးဖြစ်သည့်အတွက်ဒေါ်အောင်ဆန်းစုကြည်ကျီးခေါင်းတောင်စေတီထီးတော်တင်ဆိုတာထက် ဆက်ကပ်လှုဒါန်းခြင်းနှင့်ထီးတော်တင်ပွဲအခန်းအနားကျင်းပဆိုလျှင်ပိုမိုသင့်တော်မည်ထင်ပါတယ်။မြန်မာဗုဒ္ဓ္ဓဘာသာအနေဖြင့်ဘုရားထီးတော်တင်ခြင်းသည်အမျိုးသမီးများပြုလုပ်ခြင်းသည်မတင့်တည်။ပြုလုပ်လေ့မရှိသောကြောင့်ခေါင်းစဉ်အဓိပ္ပါယ်မှာမှားယွင်းနေသည်ဟုအကြံပြုလိုပါတယ်။