ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြောစကား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာလာချင်းပဲ ခြံဝမှာ စောင့်နေတဲ့ ပရိသတ် ထောင်ပေါင်းများစွာကို ကျေးဇူးတင်စကား ပြောကြားရင်း ညီညွတ်ရေးနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ရေး စကားတွေကို ပြောကြားခဲ့ပါတယ်။

0:00 / 0:00

အာအက်ဖ်အေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတချို့ကို မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါတယ်။

"အဲဒီတော့ အခု ဒီအချိန်မှာ ပြောချင်တာက အသံဆိုတာ ထွက်ရမယ့် အချိန်ရှိတယ်၊ မထွက်ရမယ့် အချိန်ရှိတယ်။ အခုအချိန်မှာ နည်းနည်းလေး မထွက်ဘဲ နေရင် ပြောတာကို ကြားရတာပေါ့။ ထွက်ရမယ့် အချိန်ကျမှ တိတ်တိတ်လေး မနေကြနဲ့နော်။

(လူထုအသံ- မနေပါဘူး၊ စိတ်ချပါ)

အဲဒီတော့ အခု ဒီလို လာပြီးတော့ အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ အနောက်က လူတွေ မကြားရလို့ရှိရင်လည်း နောက်ကျရင် အရှေ့က လူတွေက ပြန်ပြောအုံးမှာပေါ့ နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတတဲ့စိတ် ထားကြမှပေါ့။ အဲဒီတော့ အရှေ့ကလူတွေကလည်း အနောက်ကလူတွေကို ငဲ့ပြီးတော့ တိတ်တိတ်နေမယ်။ အမယ်လေး၊ စစချင်း တခါတည်းကို နိုင်ငံရေး သင်ခန်းစာ ပေးနေရတာပဲ"

(ရယ်မောသံ၊ လက်ခုပ်သံများ)

အသံဖိုင်ယူရန်။