ဒေါ်အောင်ဆန်းစုကြည် အကြောင်း အမေရိကန်မဂ္ဂဇင်းမှာ ရေးသားဖော်ပြ

2011-03-05

‘တကမ္ဘာလုံးက လေးစားရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်း’ အမည်ရတဲ့ ဆောင်းပါးတပုဒ်ကို မနေ့က နေ့စွဲနဲ့ ထုတ်ဝေတဲ့ Glamour မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

(facebook screenshot)

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ခွင့်ပြုချက်ဖြင့် Burma Campaign UK အဖွဲ့က ကိုယ်စားဖွင့်ပေးထားသော facebook စာမျက်နှာ တစိတ်တဒေသ ဖြစ်ပါသည်။ (facebook screenshot)

ဒီအထဲမှာ သတင်းထောက် လော်ရာလင်းက ခေတ်သစ် နည်းပညာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေနဲ့ မိသားစုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းထားပါတယ်။

ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခါနီး မြန်မာစစ်အစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံက ထွက်ပြီး သွားရောက်တွေ့ဆုံခွင့် ပေးခဲ့ပေမယ့် နိုင်ငံက ထွက်ဖို့ ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး နောင်တ ရပါသလားလို့ မေးမြန်းရာမှာ နောင်တ မရကြောင်း၊ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ဝမ်းနည်းပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းသူ သတင်းထောက် လော်ရာလင်းဟာ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်က မြောက်ကိုရီးယား-တရုတ် နယ်စပ် အမျိုးသမီး လူမှောင်ခိုကူးမှုတွေ အကြောင်း သတင်းထောက်ရင်း မြောက်ကိုရီးယားတပ်တွေက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၅ လကြာ နေခဲ့ရပြီး သမ္မတဟောင်း ကလင်တန်ရဲ့ ကြားဝင် ဖြေရှင်းမှုနဲ့ မြောက်ကိုရီးယားက လွတ်မြောက်လာသူ ၂ ဦးထဲက တယောက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို Glamour မဂ္ဂဇင်းက ၂ဝဝ၈ ခုနှစ်အတွက် အထူးချွန်ဆုံး အမျိုးသမီးအဖြစ် ဂုဏ်ပြုခဲ့ဖူးပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်