NLD ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ခင်စောဌေး ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် မကွေးတိုင်း ရေနံချောင်းမြို့က ဒေါ်ခင်စောဌေးဟာ ဗုဒ္ဓဟူးနေ့မနက်က နှလုံးရောဂါနဲ့ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ရေနံချောင်းမြို့နယ် အမှုဆောင် ဦးအောင်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျ၊ မနက် ၅ နာရီမှာ ကွန်လွယ်သွားတာပါ၊ နှလုံးနဲ့ ဆုံးရှုံးသွားတာပါ"


ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်စောဌေးဟာ ၁၉၈၈ ခုနှစ် NLD ပါတီ စတင်တည်ထောင်ကတည်းက ဒေသတွင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မကွေးတိုင်း အမျိုးသမီးဥက္ကဌတာဝန်လည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်ခင်စောဌေးရဲ့ ဈာပနကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ ကျင်းပခဲ့ကြောင်းသိရပါတယ်။