သေဒဏ်ကျ အကျဉ်းသား ပြန်လွှတ်လာ

X2O သင်္ကြန်မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို အစိုးရက ဒီနေ့ နေ့လည်က ပြန်လွှတ်ပေးလိုက်ပါတယ်။
2012-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

သူဟာ ကင်ဆာဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်လို့ မရတဲ့ ရောဂါတွေကြောင့် အင်းစိန်မြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရချိန်မှာ ခံဝန်ချက် လက်မှတ်နဲ့ ပြန်ပြီးလွတ်မြောက်လာတာလို့ ကိုဖြိုးဝေအောင်က RFA ကိုပြောပါတယ်။

"နောက်တစ်ကြိမ်ပေါ့နော်၊ ဒီပြစ်မှုတွေ ထပ်ကျူးလွန်ရင်တော့ ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကို ပြန်ခံစားရမယ်၊ ဒါပဲ။ ကျွန်တော်ကတော့ လက်ရှိ အသည်းကင်ဆာပေါ့နော်။ ဆေးသောက်နေရတယ်။ အသည်းကင်ဆာ အဆိပ်ကနေပြီးတော့ ကင်ဆာဆဲလ်တွေက ကျောရိုးကြီးကို ပျံ့သွားပြီးတဲ့ အခါကျတော့ ကျောရိုးမကြီးရဲ့ အဆစ် ၈ နဲ့ ၉ ကို၊ အထူးသဖြင့် ၈ ပေါ့နော်၊ သူ့ကိုစားသွားတယ်။ ကျောရိုးမကြီး စားသွားတဲ့ အခါကျတော့ အာရုံကြောကို ထိပြီး ကျွန်တော် အောက်ပိုင်းလှုပ်လို့မရတော့ဘူး"

သားသမီး ၂ ယောက်ရှိတဲ့ ကိုဖြိုးဝေအောင် အခုလို ပြန်လွတ်လာပေမယ့် သူ့ကျန်းမာရေး အခြေအနေကြောင့် လောလောဆယ်မှာတော့ အင်းစိန်ဆေးရုံမှာပဲ ဆက်ပြီး ဆေးကုသမှု ခံယူရဦးမယ်လို့ ဇနီးသည် မဌေးဌေးက ပြောပါတယ်။

ကိုဖြိုးဝေအောင်က သူ့အမှုနဲ့ပတ်သက်ပြီး အများပြည်သူ သိအောင် ရှင်းလင်းပြောဆိုမှာ ဖြစ်သလို သူတွေ့ကြုံရတဲ့ အကျဉ်းထောင်နဲ့ တရားစီရင်မှုတွေကိုလည်း စာတမ်းရေးသား ပြုစုသွားမယ်လို့ ပြောပါတယ်။

အခုလို သူပြန်လွတ်လာတာကို ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC ကလည်း ကြိုဆိုတဲ့အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သူ့ကို ပြန်လည်ကုစားရေး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုဖြိုးဝေအောင်ကို သွားရောက်တွေ့ဆုံခဲ့ရာမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်မရတဲ့သူ့ကို အဲဒီအချိန်က ခြေထိပ်တန်းလန်းနဲ့ တွေ့ရှိသွားခဲ့ပြီး ဒီကိစ္စကို သက်ဆိုင်ရာ တင်ပြမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ကိုဖြိုးဝေအောင်နဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Aung

နေရပ်- N/Dagon

To.Pauk sa
Are u a jurnalist of Na-Wa-Ta time?

Aug 28, 2012 04:35 AM

ပေါက်စ

နေရပ်- လက်ပံတန်း(ယခု ထိုင်း)

နိုင်ငံေ၇း နှင်.အခြားသောပြစ်မှုများ အား ပြန်လွှတ်ပေးခြင်းကို တော.မပြောလိုပါ၊လက်နှက်နင်.၊ဖေါက်ခွဲေ၇း ပြစ်မှုသမားတွေကိုတော.လွှတ်မပေးသင်.ပါ။

Aug 06, 2012 09:31 AM