ဘာသာရေးအကြမ်းဖက်မှုများက ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း အစိုးရ သတိပေး

2013-03-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဘာသာရေးအကြမ်းဖက်မှုတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ကြောင်း အစိုးရက သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။

မတ်လ (၂၅) ရက်နေ့စွဲနဲ့ ကြေညာခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေ အပါအဝင် အကြမ်းဖက်မှု အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊
အကြမ်းဖက်မှု၊ မီးလောင်မှုနဲ့ အဓိကရုဏ်းတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည် ပြည်သူတွေရဲ့ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး၊ လုံခြုံရေးအခြေအနေ တည်ငြိမ်လာတာနဲ့အမျှ ဒုက္ခသည် ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊
လူသားချင်းစာနာရေး အကူအညီတွေကို  လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ့်အပြင်၊  ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရတဲ့ လူ့အဖွဲ့အစည်း တွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မယ့် ဆွေးနွေးမှုတွေ၊ စိတ်ခံစားချက်တွေကို ကုစားနိုင်မယ့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထိခိုက်မယ့် အကြမ်းဖက်တာတွေ၊ ဘာသာရေး အစွန်းရောက်တာတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

အခုအခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အခြေအနေ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။

မိတ္တီလာမြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်က မိတ္တီလာမြို့မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ မီးရှို့တာ တွေမရှိတော့ပါဘူး၊ လုံခြုံရေးအခြေအနေ တိုးတက်လာနေပါပြီ၊ ဈေးဆိုင်တွေပြန်ဖွင့်နေပြီး အဝေးပြေး ဘတ်စ်ကားတွေလည်း ပြန်ပြေးနေပြီဖြစ်ပါတယ်၊ အဓိကပြဿနာကတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား အရင်ကလို ဆက်ဆံရေးမျိုး ပြန်လည်ထူထောင်နိုင်ရေးပဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

ကွန်မင့်များ (8)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Pyay Aye

နေရပ်- Myanmar

Who turned normal clash to riots and why is it so difficult to find out those who made riots? Why 3 truck load of people who made riot escaped on high way and could not be captured?

Mar 27, 2013 05:08 AM

အမည်မဖော်လိုသူ

စနစ်တကျအကွက်ကျကျအစ်လာမ်တွေရဲ.အသက်အိုးအိမ်စည်းစိမ်တွေကိုကောင်းကောင်းဖျက်ဆီးပြီးဒါလားဒီမိုကရေစီလမ်းကြောင်း

Mar 27, 2013 03:45 AM

ko

တော်တော်ဖျက်ဆီးခံရပြီးမှဒီစကားပြောတာတရားကျဖို.ကောင်းသားဟ

Mar 27, 2013 03:38 AM

အောင်တင်

သြော် အစိုးရကတောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်မှာ စိုးရိမ်တယ် ပြောနေပြီ။ အဝှာ မဖြစ်ရမဲ့သူက စိုးရိမ်နေပေမဲ့ အဝှာဖြစ်ရမဲ့သူတွေက သိပ်စိုးရိမ်ကြဟန် မတူဘူးနော်။

Mar 26, 2013 10:25 PM

အမည်မဖော်လိုသူ

Government needs to take actions upon some religious famous persons,who have created,to encouraged to leads conflicts on their Briefing.Check carefully,it is very clear,"Who" did, and "Why",so,this must be taking action accordingly to avoid to become crisis,very important to take action immediately.Quarrel can be happen,even father and son,but,to exaggerate to create problems base on matter is so easy.

Mar 26, 2013 09:06 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့