အဲဒီဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော်အမတ် မဖြူဖြူသင်းက မကြာသေးခင်က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အမျိုးသမီး အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုသာ မေးမြန်းမှု ရှိခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်ကလည်း မြန်မာနိုင်ငံဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းမှာ ၁၉၉၇ ခုနှစ်ထဲက ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ခွင့်ရဖို့ အစိုးရအနေနဲ့ အားပေးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
Triangle အမျိုးသမီး မြှင့်တင်ရေးအဖွဲ့ အကြီးအကဲ မခင်လေးကလည်း အမျိုးသမီးဦးရေ ထက်ဝက်ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ဒီမိုကရေစီ ဖော်ဆောင်မှုတွေ နှေးကွေးနေလိမ့်မယ်လို့ အလေးထား ဆွေးနွေးခဲ့ပါတယ်။
