ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မမှန်မကန် မဲဆွယ်မှု ဒီမိုကရက်တစ်ပါတီ တိုင်ကြား

2010-10-07

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မမှန်မကန် မဲဆွယ်တာတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ရွေးကောက်ပွဲ ကော်မရှင်မှာ သွားရောက် ဆွေးနွေးခဲ့သလို တရားဝင် စာတစောင်လည်း စက်တင်ဘာလ ၃၀ရက်နေ့ နေ့စွဲနဲ့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ (တိုက်ပုံဖြင့်) နှင့် ပါတီဝင်များ ရန်ကုန်မြို့အနီး ရွာတခုတွင် အောက်တိုဘာ ၅ ရက်နေ့က မဲဆွယ် စည်းရုံးရေးဆင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ကံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရပ်ကွက်တွေမှာ လမ်းဖောက်ပေးခြင်း။ ငွေချေးတာတွေ လုပ်တာ ကော်မရှင်ကို တင်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ခုလိုပြောပါတယ်။

“ဒီကာလမှာ ဒီလိုလုပ်တာဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ သိပ်မညီပါဘူး။ နောက်တခုကတော့ ဒီထက် ပိုဆိုးတာကတော့ တချို့မြို့နယ်တွေမှာပေါ့နော်၊ ပိုစတာတွေကို ရေးပြီးတော့မှ အိမ်တွေမှာ လိုက်ကပ်တယ်။ ပိုစတာက ဘာလဲလို့ ဆိုတဲ့အခါကျတော့ ဤအိမ်ဟာ ကြံ့ခိုင်ရေး ပါတီ ဝင်ထားပြီးသော အိမ်ဖြစ်သည် ဆိုတဲ့ ဆိုင်းဘုတ်ပေါ့နော်၊ အဲဒါဆိုတော့ ဆိုလိုတာက တခြားပါတီတွေ ဒီအိမ်မဝင်နဲ့ မစည်းရုံးနဲ့ဆိုတဲ့ လာပြီး လိုက်ကပ်တာပေါ့။ အဲလိုဟာမျိုးတွေ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဒီ ရွေးကောက်ပွဲ ကော်မရှင်ကို ဒါ တရားနည်းလမ်းမကျဘူးပေါ့နော်၊ ရွေးကောက်ပွဲ ဥပဒေနဲ့လည်း ဆန့်ကျင်တယ်၊ အဲဒီလိုစာကို ပို့လိုက်တာပါ။”

ဒီကိစ္စတွေအတွက် သက်သေ အထောက်အထားတွေလည်း စုဆောင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ကြိုတင်မဲ ယူတယ်ဆိုတဲ့ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးး ကော်မရှင်ကို မေးမြန်းခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။

“ကော်မရှင်ကို မေးတဲ့အခါကျတော့ ကော်မရှင်ကတော့ ပြဿနာကို တခြားလူတွေလည်း မေးကြပါတယ်တဲ့။ ဒီ ပြဿနာဟာ သူတို့အနေနဲ့ကတော့ တကယ်တမ်း ရွေးကောက်ပွဲ မဲရုံကို သွားပြီး မဲမပေးနိုင်တဲ့ လူတွေမှအပ ဘယ်လူ့ကိုမှ သူတို့ ကြိုတင်မဲ ခွင့်မပြုပါဘူးလို့ သူတို့ ပြောတယ်ပေါ့နော်။ အဲဒီအတိုင်း တကယ်မှန်ရင်တော့ ဒါဟာ လက်ခံရမှာပေါ့။”

လက်ရှိအနေနဲ့ မြန်မာ တနိုင်ငံလုံးရှိ မြို့နယ် တော်တော်များများမှာ ရပ်ကွက်အဆင့် အာဏာပိုင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား နည်းအမျိုးအမျိုးနဲ့ ကြိုတင်မဲများ ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို

ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲ ပြော

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

NLD ပါတီ ရာနှုန်းပြည့်နိုင်တဲ့ သတင်းထွက်

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ကို မိတ္ထီလာမှာ တိုက်ခိုက်မှုရှိခဲ့

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥပဒေ ချိုးဖောက်ကြောင်း ကလော အင်န်အယ်ဒီ တိုင်ကြား

မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်