မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံ အမတ်ကြီး Michael Sternberg က အန်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် (အလယ်) အကျယ်ချုပ်မှ လွတ်မြောက်စ နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့ရှိ ပဏ္ဍိတရာမ ကျောင်းတိုက်တွင် သံဃာ၊ သီလရင်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း၊ ဖိလစ်ပိုင်သမတ ဘန်နစ်နို အကွီနိုစတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်း ပြောဆိုခဲ့သလို၊ နိုင်ငံတကာ သံအမတ်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာလည်း ဒီဇင်ဘာ ၈ ရက် မနက်ဖြန် မနက်မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
အထိန်းသိမ်းခံထားရတဲ့အချိန်တုန်းက NLD ရုံးချုပ်ရှေ့မှာ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆွမ်းလောင်းပွဲတွေမှာ သွားရောက် အလှူခံလေ့ရှိတဲ့ သံဃာတော်တွေကို အဓိက ရည်စူး လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မေဝင်းမြင့် က RFA ကို အခုလို ပြောပါတယ်။
“ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆွမ်းလောင်းခဲ့တာလေ။ ဒီ့အတွက်ကို အစ်မ လွတ်မြောက်လာတဲ့အခါမှာ သံဃာတော်တွေ ရည်စူးပြီးတော့ သင်္ကန်းလောင်းမှာပေါ့နော်။ Random ပေါ့၊ လာတဲ့ သံဃာတော်တွေ အားလုံးကို အစ်မကိုယ်တိုင် လောင်းသွားမှာပါ။ ကျွန်မတို့ကလည်း banner ad နဲ့ အပြင်မှာ ထုတ်ထားတယ်။ အင်္ဂါနေ့တိုင်း ဆွမ်းခံကြွနေကျ သံဃာတော်များ မနက်အလှူကျရင် ကြွတော်မူပါဘုရားဆိုပြီး ပင့်ထားတာ ဖြစ်ပါတယ်။”
သံဃာတော်တွေအတွက် သင်္ကန်းကပ်လှူသလို၊ သီလရှင်တွေကိုလည်း ပဝါကပ်မယ်လို့ ဆိုပါတယ်။ ဒီပွဲအတွက် စုစုပေါင်း သင်္ကန်းအစုံ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ပွဲကို ဗဟန်းမြို့နယ်က NLD ရုံးချုပ်ရှေ့မှာ မနက်ဖြန် ဒီဇင်ဘာလ ၈ ရက် မနက် ၈ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် အိုင်ယာလန်နိုင်ငံ ပါဝင်
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ် ဓာတ်ပုံများ ပြသရောင်းချပွဲ ကျင်းပ
ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ
ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ၀န်ကြီး စာနယ်ဇင်းပွဲ တက်ရောက်
ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်
ဒေါ်အောင်ဆန်းစုကြည် မသန်စွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
မှတ်ချက်များ
Click here to add your own comment