မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အမေရိကန် လွှတ်တော်က အတည်ပြု

2011-08-04

သမ္မတ အိုဘားမား က မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အဖြစ် Mr Derek Mitchell ကို အဆိုပြု ထားခြင်းကို အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်က အင်္ဂါနေ့မှာ တညီတညွတ် တည်း အတည်ပြု လိုက်ကြပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ၀န်ကြီး Derek Mitchell ဖြစ်ပါသည်။

သံအမတ်ကြီး အဆင့်နဲ့ ညီမျှတဲ့ ဒီရာထူး မှာ တာဝန် ထမ်းဆောင်မယ့် Mr Derek Mitchell ဟာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် အဖြစ် စစ်တပ်တစ်ပိုင်း မြန်မာအစိုးရကို ချဉ်းကပ်ရာမှာ ရှေ့တန်းက ပါဝင်မယ့် အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်းမှာ ဖြစ်ပါတယ်။

အာရှရေးရာ အထူးသဖြင့် တရုတ်နဲ့ ဂျပန်ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သူ Mr Derek Mitchell ဟာ အမေရိကန် ပြည်ထောင်စု ရဲ့ အရင်အစိုးရ အဖွဲ့တွေမှာ အာရှပိစိဖိတ် ဒေသဆိုင်ရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ဖူးသူ တဦး ဖြစ်ပါတယ်။

ဒါ့အပြင် CSIS ခေါ် ဝါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးသိပ္ပံရဲ့ အာရှရေးရာ အစီအစဉ် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ နန်ကင်း တက္ကသိုလ်မှာ တရုတ်ဘာသာ စကားကို ဆည်းပူး လေ့လာခဲ့ ပြီး တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ တဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးမှာ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချ ပေးဖို့အတွက် လိုအပ်ချက် အနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က တောင်းဆိုနေတာ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အတိုက်အခံ အားလုံးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ ရောက်ရှိ

ဂျပန်ကြွေးမြီ လျှော်ပစ်ကြောင်း တရားဝင်ကြေညာ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

ပိတ်ဆို့မှုတချို့ လျှော့ချတာနဲ့ ပတ်သက်လို့ ပညာရှင်တစ်ဦး အမြင်

ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်