ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ထပ်မံအရေးယူတာ ဖြစ်နိုင်
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ သူသွားလာခွင့်ရတဲ့ သာရေးနာရေး ကိစ္စတွေမှာ နောက်လိုက်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိခဲ့တာနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအရ ပိုမိုတင်းကြပ်တဲ့ နေရာတခုကို ပို့ဆောင် လိုက်တာ ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဝေဖန်လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ အရာရှိငယ် ဘဝက လုပ်ရည်ကိုင်ရည်နဲ့ စိတ်ထားကောင်းမွန်သူ ဖြစ်ပြီး ရာထူးအာဏာ ကြီးမားလာချိန်မှာတော့ မာန်မာန ထောင်လွှားလာခဲ့သူ ဖြစ်တယ်လို့လည်း ဦးဝင်းထိန်က ပြောပြပါတယ်။
ဦးဝင်းထိန်ကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။