ဗီယက်နမ်ရဲ့ အကြီးဆုံးဆေးဝါး ကုမ္ပဏီ မြန်မာနိုင်ငံမှာ စက်ရုံတည်ထောင်ဖို့ စီစဉ်

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ DHG ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄ သန်းခွဲ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံမှာ ဖက်စပ်ဆေးဝါး စက်ရုံ ထူထောင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ Bloomberg စီးပွားရေးသတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြ ပါတယ်။

DHG ကုမ္ပဏီဟာ မြန်မာဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ ဥပဒေတွေကို လေ့လာနေပြီး၊ နှစ်ဘက် ညှိနှိုင်းမှုတွေ အဆင်ပြေရင် လာမယ့်နှစ်အတွင်း မြန် မာနိုင်ငံမှာ ဆေးဝါးစက်ရုံ စတင်တည်ဆောက်မယ်လို့ ဆိုပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်က ဗီယက်နမ်နိုင်ငံရဲ့ အခြေအနေနဲ့ ဆင်တူပေမယ့် တိုးတက်မှု မြန်ဆန်ကြောင်း၊ ဆေးဝါးကုမ္ပဏီတွေ သိပ်မရှိသေးတဲ့အတွက် ဆေးဝါး ကုမ္ပဏီတွေကို အထူးမက်လုံးပေးထားကြောင်း၊ မြန်မာကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်နိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်း မှာဖြစ်ကြောင်း DHG ကုမ္ပဏီရဲ့ အကြီးအကဲက ပြောပါတယ်။