ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ စုပေါင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ရက် (ရှမ်းပြည်နယ်) က ဖဲ့ွစည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆွေးနွေးပွဲတစ်ခုကို ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်သူတွေပါဝင် လာအောင် ဆွေးနွေးပွဲကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်) အဖွဲ့ဝင် ကိုနေမျိုးက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ လက်ရှိတပ်မတော်ရဲ့အခန်းကဏ္ဍ နဲ့ ပြည်ထောင်စုစစ်တပ်ဖွဲ့စည်းပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့သင့်မြတ်ရေးနဲ့ လက်ရှိ အုပ်ချုပ်ရေးအာဏာ ခွဲဝေကျင့်သုံးမှုပုံစံ စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ)၊ စတဲ့ အဖွဲ့တွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။