အာဆီယံလူထုအခြေပြုအဖွဲ့များက မြန်မာအစိုးရကိုယ်စားလှယ်ကို ကန့်ကွက်

2011-05-05

လာမဲ့ မေလ ၇ ရက်နေ့မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လူထုအခြေပြု အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေကို တနိုင်ငံ တယောက် ရွေးချယ်လက်ခံရာမှာ မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ စင်ကာပူနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ အကန့်ကွက် ခံနေရပါတယ်။

(Photo: RFA)

အာဆီယံ လူထုအခြေပြု အဖွဲ့ ကိုယ်စားလှယ် ရွေးချယ်မှုနှင့် ပတ်သက်၍ ပြဿနာ ပေါ်လေ့ရှိပြီး ၂၀၀၉ ခုနှစ်ကလည်း အောက်တိုဘာ ၂၃ ရက်နေ့က အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစည်းအဝေး မတက်ရောက်ရန် ပိတ်ပင်ခြင်းခံရသော လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ် ငါးဦးမှ မြန်မာလူထု ကိုယ်စားလှယ် မခင်ဥမ္မာ (အလယ်မှ အင်္ကျီအနက်)က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့မှာ ပါတဲ့ ရဲမှူးကြီးဟောင်း ဦးစစ်အေးကို ကိုယ်စားလှယ်အဖြစ် အာဆီယံ အစိုးရတွေဖက်က ရွေးချယ်ထားပါတယ်။ တကယ်တမ်း လူထုအခြေပြု အဖွဲ့အစည်းတွေကို အစစ်အမှန် ကိုယ်စားပြုနိုင်သူတွေကိုပဲ ရွေးချယ်သင့်တယ်လို့ အာဆီယံ လူထုညီလာခံကို တက်ရောက်နေတဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အလားတူပြသနာမျိုး ၂၀၀၉ ခုနှစ် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံမှာ ကျင်းပတုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လူထုအခြေပြု အဖွဲ့အစည်းတွေဘက်က မြန်မာ့ရေးရာ ပူးပေါင်းဆောင်ရွက်ရဲ့အဖွဲ့က မခင်ဥမ္မာကို ရွေးချယ်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ပညာပေးဌာန ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို RFA မှ မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ

အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကမ္ဘောဒီးယား အစိုးရက ကန့်သတ်

အီးယူနဲ့ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေစေလွှတ်

ရွေးကောက်ပွဲ အာဆီယံအဖွဲ့ စောင့်ကြည့် လေ့လာရေး စဉ်းစားပေးမယ် ဦးသိန်းစိန်ပြော

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်

သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

ကတိက၀တ်အတိုင်း မြန်မာအစိုးရ ကြိုးပမ်းဖို့ AIPMC တိုက်တွန်း

လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး

နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကြောင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ မြန်မာမျှော်လင့်

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးစံတွေ သတ်မှတ် စောင့်ကြည့်သင့်ကြောင်း HRW တိုက်တွန်း