အာဆီယံလူထုအခြေပြုအဖွဲ့များက မြန်မာအစိုးရကိုယ်စားလှယ်ကို ကန့်ကွက်

လာမဲ့ မေလ ၇ ရက်နေ့မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လူထုအခြေပြု အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေကို တနိုင်ငံ တယောက် ရွေးချယ်လက်ခံရာမှာ မြန်မာ၊ ဘရူးနိုင်း၊ လာအို၊ စင်ကာပူနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ အကန့်ကွက် ခံနေရပါတယ်။

0:00 / 0:00

မြန်မာနိုင်ငံ အနေနဲ့ ဆိုရင် သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့မှာ ပါတဲ့ ရဲမှူးကြီးဟောင်း ဦးစစ်အေးကို ကိုယ်စားလှယ်အဖြစ် အာဆီယံ အစိုးရတွေဖက်က ရွေးချယ်ထားပါတယ်။ တကယ်တမ်း လူထုအခြေပြု အဖွဲ့အစည်းတွေကို အစစ်အမှန် ကိုယ်စားပြုနိုင်သူတွေကိုပဲ ရွေးချယ်သင့်တယ်လို့ အာဆီယံ လူထုညီလာခံကို တက်ရောက်နေတဲ့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အလားတူပြသနာမျိုး ၂၀၀၉ ခုနှစ် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံမှာ ကျင်းပတုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လူထုအခြေပြု အဖွဲ့အစည်းတွေဘက်က မြန်မာ့ရေးရာ ပူးပေါင်းဆောင်ရွက်ရဲ့အဖွဲ့က မခင်ဥမ္မာကို ရွေးချယ်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ပညာပေးဌာန ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းကို RFA မှ မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်