၂၀၁၁ အတာသင်္ကြန်အတွက် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုမှ ‘ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၃ ကြိမ်မြောက် သင်္ကြန်သံချပ်ခွေသစ်ကို ထုတ်ဝေလိုက်ပါတယ်။
ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ယခင် သင်္ကြန်ပွဲတော် မဏ္ဍပ်တခုအနီးတွင် ရဲလုံခြုံရေး အစောင့်အကြပ်နှင့် သံဆူးကြိုး အရံအတားများ ချထားပုံ ဖြစ်ပါသည်။ (Photo: AFP)
နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ အခုဆိုရင် ၁၃ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလို မဟုတ်ပဲ ထူးခြားတဲ့ ကဏ္ဍသုံးခု တိုးလာခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံက မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကပါ အားဖြည့် သီဆိုရေးစပ်ပေးခဲ့ကြပါတယ်။ အဲဒီ တိုးလာတဲ့ ကဏ္ဍတွေကတော့ လွှတ်တော်နဲ့ အမတ်တွေ၊ မီဒီယာနှင့် ပြည်သူကွန်ရက်တို့ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ အမတ်တွေမှာကတော့ သံချပ်စာသားတွေ အခုလို ရေးစပ်ထားပါတယ်။
“သမတကြီးရယ်နေပါဦး ကန့်ကွက်ပါရစေဦး၊ ကိုယ်စားလှယ်ကြီးရယ် ပြုပြင်ပါဦး အခြေခံဥပဒေ ထုံး၊ တိုင်းရင်း ကိုယ်စားလှယ် တွယ်ပါဦး၊ ပြည်ထောင်စုမူ သုံး၊ ကာချုပ်ကြီးရယ် ဆင်းခဲ့ပါဦး ပြည်သူ့ချဉ်ဖတ် အမုန်း၊ တရက်တခါ ဆယ်မိနစ်ကြာ၊ ဆွေးနွေးရတာ တိုင်းပြည်အနာဂါတ်၊ ရွေးကောက်ပွဲကြီး ရှော့ရှိတယ် မဝင်နဲ့ကွယ် အတန်တန်တားရဲ့”
မီဒီယာကဏ္ဍာမှာတော့ ခုလို သံချပ် ထိုးပါတယ်။
“မြန်မာပြည်က မီဒီယာလွတ်လပ်ခွင့်မှာ နောက်ဆုံးကပဲ၊ ဒေါ်စုသတင်းရေးမိတယ် ပိတ်ခံရတာ ခုနှစ်စောင်တောင်ဗျ၊ ကျော်ဆန်း၊ ခင်ရီ လိမ်နေသည် ဂျာနယ် တီဗွီ အကုန်ဖော်ပြရ။”
ပြည်သူ့ကွန်ရက်ကဏ္ဍမှာ ဆိုရင် သံချပ်မှာ ခုလို ကြားရမှာ ဖြစ်ပါတယ်။
“စည်းလုံးညီညာ အောင်ကြောင်းဖြာ- ပင်လုံစာချုပ် သက်သေပြခဲ့၊ စည်းလုံးမှုမရှိ ဝါးအစည်ပြေ- တိုင်းပြည်အာဏာ စစ်တပ်ယူသွား၊ စစ်အာဏာရှင် အုပ်ချုပ်တယ်- တိုင်းပြည်မှာတော့ မွဲသထက်မွဲခဲ့။”
အခုလိုသံချပ်သီချင်းတွေဖြစ်မြောက်အောင် စီစဉ်ပေးသူ ကိုကျော်ကြီး (ကျောက်မဲ) က အခုလို ပြောပါတယ်။
“မြန်မာပြည်ထဲမှာ စစ်အာဏာရှင်တွေက လုံးဝ ဆိုခွင့် မပြုတဲ့ သံချပ်တွေကို နှစ်စဉ်နှစ်တိုင်း ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမောက်ကမ၊ မတော်တရော် ဖြစ်နေတဲ့ စနစ်ကြီးကို ကျနော်တို့ သရော်တဲ့အနေနဲ့ ထုတ်လွှင့်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျနော်တို့ ခေါင်းစဉ်ထဲမှာ ပါတဲ့အတိုင်းပဲ ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ မဟုတ်ရင်တော့ စစ်အာဏာရှင်တွေက စစ်ကျွန်ဖြစ်ရေးအတွက်ပဲ သူတို့ စိတ်ကြိုက် အခြေခံဥပဒေ ရေးဆွဲ ပြီးတော့ စိတ်ကြိုက် လွှတ်တော်အသစ်ကြီး ခေါ်နေပါပြီ။ ကျနော်တို့ကတော့ ဒီနှစ်မှာ အစိုးရသစ်၊ ”လွှတ်တော်သစ်ကြီးကို နည်းစနစ်အသစ်တွေနဲ့ ပြန်ပြီး တော်လှန်တုံ့ပြန်မှ ဖြစ်မယ် အာရပ်ကမ္ဘာမှာ ဒီမိုကရေစီ လှိုင်းလုံးကြီး တိုက်ခတ်သွားသလို မြန်မာပြည်မှာလည်း မကြာခင် ဒီမိုကရေစီ လှိုင်းလုံးကြီး လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်သူတွေအားလုံး အားတက်သရော ပါဝင်ဆောင်ရွက်ကြဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းအပ်ပါတယ်။
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအနေနဲ့ ၁၃ ကြိမ်မြောက် သင်္ကြန်သံချပ်ခွေများကို ပြည်တွင်းနှင့် နိုင်ငံတကာကို အခမဲ့ ဖြန်ချိ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
၈၈ မျိုးဆက်တွေနဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့ ရန်ကုန်လှည့်လည်
မြစ်ကြီးနားမှာ ဗုံးတလုံးပေါက်ကွဲ
ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ
ကိုမင်းကိုနိုင်ရေးတဲ့ သံချပ်နဲ့ ကျောင်းသားများ ဖျော်ဖြေ
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရှမ်းပြည်နယ် NLD ပါတီ အနေနဲ့ ဆင်နွဲခွင့်ရရှိ
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အပေါ် ရှုထောင့်စုံမှသုံးသပ်
NLD ကောင်းမှုကုသိုလ်ပွဲမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆို
မှတ်ချက်များ
Click here to add your own comment