လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောပါတယ်။
ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကလိုထူးဘော ဒီကေဘီအေအနေနဲ့ ညီလာခံတစ်ရပ် ခေါ်ယူဖို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင် ပြည်သူလူထု ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေမှာဖြစ်သလို၊ ကလိုထူးဘော ဒီကေဘီအေ ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတစ်ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလိုထူးဘောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မြဝတီနဲ့ ဘုရားသုံးဆူမြို့တွေကို ရွေးကောက်ပွဲနေ့မှာ ဝင်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။