ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူး ကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရ တပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူး ကြီး စောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြော ပါတယ်။
"ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကျိုက်မရော မြို့နယ်ထဲ မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ပေးတာက ဒုဗိုလ်မှူးကြီး စော ဆန်းအောင်မှာ တာဝန်ရှိပါတယ်၊ အဲ့ဒါလာရောက်ဖြေရှင်းဖို့အတွက် ဖုန်းနဲ့ဆင့်ခေါ်ပေမဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူကိုဒီတာဝန်တွေကို ရုပ်သိမ်းပြီးတော့ အဖွဲ့အစည်းက ထုတ်ပယ်တာဖြစ် ပါတယ်"
အစိုးရနဲ့ ဒီကေဘီအေ တပ်တွေအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားစေပြီး ငြိမ်ချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် အဖဲ့ွအစည်းတစ်ခုလုံး တာဝန်ယူဖြေရှင်းဖို့ တာဝန်ရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့အကြား ပစ်ခတ်မှှုတွေ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာပါ။