မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ၂၃နှစ်တာ အတွင်း အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ Dream of Peaceful Revolution အမည်ရှိ မှတ်တမ်းတင် ရုပ်ရှင်ကား တစ်ကား ပြီးစီးသွားပြီလို့ သိရပါတယ်။
AFP
၂၀ဝ၇ ခုနှစ် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ကာလတွင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာ ၂၅ရက်နေ့က စုဝေးရောက်ရှိနေသူများ ဖြစ်ပါသည်။
ဒီမှတ်တမ်းရုပ်ရှင်ကို အမေရိကန် ပြည်ထောင်စု The Art Institute of Califonia တက္ကသိုလ်က ကျောင်းသားတွေက မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ မြန်မာ ပြည်သူတွေကို အားပေး ကူညီတဲ့ အနေနဲ့ အခုလို ရိုက်ကူး ထုတ်လုပ်ပြီး နိုင်ငံတကာကို မကြာခင် ဖြန့်ချိမယ်လို့ ကိုယ်တိုင် ပါဝင်ရိုက်ကူးသူ တဦးဖြစ်တဲ့ အနုပညာ တက္ကသိုလ် ကျောင်းသား Daniel Thomeson က ပြောပါတယ်။
ကျနော်တို့ကျောင်းသားတွေဟာ လူသားဆိုတဲ့ အခြေခံ စိတ်ဓါတ်နဲ့ ဖိနှိပ်ခံရသူတွေဘက်က ရပ်တည် ကူညီ လှုပ်ရှားတာပါ။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကျနော်တို့ အင်မတန်မှ လေးစားပါတယ်လို့ Daniel Thomeson က ပြောပါတယ်။
ရုပ်ရှင် ရိုက်ကူးချိန် ခြောက်လ ကြာမြင့်ခဲ့ပြီး တက္ကသိုလ် ကျောင်းသား ၃၅ ဦး ပူးပေါင်း ပါဝင် ကူညီခဲ့တယ်လို့ သိရပါတယ်။
မှတ်ချက်များ
Click here to add your own comment