ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ၁၅ နိုင်ငံမှာ ပြသ

2011-04-05

နိုင်ငံရေးအကျဉ်းသား ဦးသူရခေါ် ဟာသအနုပညာရှင် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ ‘This Prison Where I Live (ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင်)’ မှတ်တမ်းတင် ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW ခန်းမမှာ ဧပြီ ၄ ရက် တနင်္လာနေ့က ပြသပါတယ်။

U.S. Premiere organizers

ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)

ဒီဇာတ်ကားကို အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက ၁၅ နိုင်ငံမှာ ပြသနေပြီး စိတ်ဝင်တစား ကြည့်ရှုသူတွေ အများအပြား ရှိတယ်လို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ အားရစရာ တုံ့ပြန်ချက်တွေ ရရှိထားပါပြီ၊ ကျနော့်အနေနဲ့ အမေရိကန်တခွင်မှာ ဆက်လက် ပြသသွားမှာပါလို့ ရုပ်ရှင်ဒါရိုက်တာ ပြောသွားပါတယ်။ ဒါရိုက်တာ Bloomstein ဟာ ဇာဂနာ မှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတရပ်ကို တနင်္လာနေ့ မနက်ပိုင်းက အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒါရိုက်တာ Rex Bloomstein ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

နားထောင်ရန်
အသံဖိုင်ယူရန
အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကျန်နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ရင် ပိတ်ဆို့မှု ရုပ်မှာမဟုတ်

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး

မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော

ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဇာဂနာကို ဖိတ်ကြား

ဗိုလ်ချုပ်အထ္တုပ္ပတ္တိ ရိုက်ဖို့ ကျော်သူက ရုပ်ရှင်ကုမ္ပဏီ လှူမယ်

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်အတွက် ၅၃ ကားရွေးချယ်

ကိုဇာဂနာနဲ့အဖွဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လှူဒါန်း

မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာ မပြော