ဘင်္ဂလားဒေ့ရ်ှကနေ ပြောင်းလာတဲ့ ရခိုင်မျိုးနွယ်စုတွေကို ဆန်နဲ့ အဝတ်အထည်လှူဒါန်း

ဘင်္ဂလားဒေ့ရ်ှဘက်ကနေ ရခိုင်ပြည်နယ် မောင်တောဒေ သကို ရွှေ့ပြောင်းအခြေချလာတဲ့ ရခိုင်မျိုးနွယ်စု မိသား စုတွေအတွက် မြေပုံနဲ့ မင်းပြားမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော် စုပေါင်းပြီး ဆန်နဲ့အဝတ်အထည်တွေ မနေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအလှူပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ မြေပုံ မြို့နယ် ဝက်ခေါင်းကျေးရွာ ပရဟိတ ရခိုင့်လူငယ် အသင်းက ဦးကျော်သိန်းလှိုင်က RFA ကို အခုလိုပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာတဲ့ ဒုက္ခသည်များအတွက် မင်းပြားမြို့နယ်က ၁၇ ရွာ၊ မြေပုံမြို့နယ်က ၅ ရွာက စေတနာရှိသလောက် လှူဒါန်းကြတာပေါ့၊ အကုန်လုံးဆန်အိတ်တွေပေါင်း လိုက်တော့ ၂၆၅ အိတ်ရှိတယ်ပေါ့၊ အဲဒါတွေကို လာပြီးတော့ လှူဒါန်းတာပေါ့"

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ မရမာကြီး၊ မြို၊ ခမီး စတဲ့ ရခိုင်မျိုးနွယ်စု တွေဟာပြီးခဲ့တဲ့ ၂၀၁၂ နှစ်ကုန် ပိုင်းလောက်ကစပြီး ရခိုင်ပြည်နယ်ထဲကို ရွှေ့ပြောင်းအခြေချ လာကြရာမှာ အခုဆိုရင် အိမ်ထောင်စုပေါင်း ၃၀၀ လောက်နဲ့ လူဦးရေပေါင်း ၁၀၀၀ ကျော် အထိ ရှိနေပြီလို့သိရပါတယ်။