ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ အဆောက် အဦး ပြန်လည်တည်ဆောက်ခွင့်ပေးဖို့ ဒီဇင်ဘာလ ၆ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်း ဆိုသွားမယ့်အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာ အောင်ခင်ဆင့်က ဒီနေ့ ပြော ပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါက်တာ အောင်ခင်ဆင့်က ဆန္ဒပြမယ့် အစီအစဉ်ကို အခုလို ပြောပါတယ်။
"ဆန္ဒပြမှာကတော့ ၆ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီ ပိုစတာတွေကိုင်ပြီးတော့ ဆန္ဒပြမယ် ၊ ဟောပြောချက်တွေ ပြောပြီးတော့ ဆန္ဒပြမယ်၊ လွတ်လပ်ရေးပန်းခြံကြီးကို ချီတက်ပတ်ချာ လှည့်ပြီးတော့ ဆန္ဒပြမယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးမယ် လို့ ပြောကြားလိုက်တာကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦးလည်း ပြန်လည်တည်ဆောက်ခွင့်ပေး ဖို့ တောင်းတာဖြစ်ကြောင်း ပြောပါတယ်။
ဒေါက်တာအောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့် မြို့နယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး အမျိုးသားညီလာခံ တက်ရောက်နေချိန်မှာ ‘အမျိုးသားညီလာခံကြီး ညာနေကြောင်း’ ပြောဆိုခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
