ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2012-09-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒေါက်တာ ထွန်းအောင် (ခေါ်) နုရာဟက်ကို အာဏာပိုင်တွေက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈၊ ၄၂၀ - မှတ်ပုံတင် အတုပြုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၅၃(က)၊ ၅၀၅(ခ)၊ ၁၄၈ - နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့အမှု၊ နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က)၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ-၅(ည) နဲ့ စွဲဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါက်တာ ထွန်းအောင်ရဲ့ သမီးဖြစ်သူ UNHCR အကြီးတန်းအရာရှိ မမြနန္ဒာအောင်နဲ့ ခင်ပွန်းဖြစ်သူကိုလည်း အာဏာပိုင်တွေက ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဖမ်းဆီးပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါက်တာ ထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးက ထောင်ဒဏ်-၃ နှစ်ချမှတ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိတဲ့ ပုဒ်မတွေအတွက် ဒီကနေ့ ထပ်မံရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ထွန်းအောင်ကို အခုလို ထောင်ဒဏ်- ၃ နှစ်ချမှတ်ခဲ့တာကို မကျေနပ်တဲ့အတွက် စစ်တွေမြို့က တရားလွှတ်တော် ရှေ့နေ ဦးစံလှက အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ ရှေ့နေ ဦးစံလှက RFA ကိုပြောပါတယ်။

ဒေါက်တာ ထွန်းအောင်(ခေါ်) နုရာဟက်ဟာ ၁၉၉၀ ခုနှစ် နိုင်ငံရေး အခင်းအကျင်း ကာလမှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီပါတီက မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ထပ် အမှုရုံးချိန်းကိုတော့ တရားရုံးက စက်တင်ဘာလ ၁၁ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Hla Hla Oo

Myanmar-Indian Islam is a MINORITY religion in Myanmar, practiced by 4% of population only in Myanmar.
Buddhism is MOST MAJORITY religion in Myanmar practiced by 89% of population in Myanmar.
But all Buddhists in Burma never OPPRESS to Muslims.

Must be confirm and countercheck Rohingya's
stay permit Records,
Birth records,
Marriage Records,
Death records,
National Resistration Certificates,
Foreigner Registration cards,
Family members records,
Pedigree Records (Al least 4 Generation),
Former detail address records,
Current detail address Records and
criminal clearance records.

Sep 07, 2012 03:17 AM

ကျော်

နေရပ်- မလေးရှား

အဲဒီဦးစံလှကရခိုင်လား။ဘယ်ဖက်ကနေမကျေနပ်ဖြစ်နေတာလဲ။သတင်းတွေကလည်းခုထိမွေတုန်းဘဲလား။ရေးထားတာမရှင်းမရှင်းနဲ့။

Sep 06, 2012 12:19 PM

ကိုလတ်ထွန်း

နေရပ်- မောင်တော

ဒေါက်တာထွန်းအောင်(ခေါ်)နုရာဟတ်မှာ မောင်တောမြို့နယ်ပဋိပကဖြစ်ပွါးအောင် ဦးဆောင်ခဲ့သူဖြစ်သည့်အတွက် ထိုက်သင့်သော ပြစ်ဒဏ်ကိုချမှတ်သင့်ပါသည်။

Sep 06, 2012 09:02 AM

အီဘရာဟမ်း

နေရပ်- ရန်ကုန်

ဒေါက်တာထွန်းအောင်က နိုင်ငံရေးသမားလည်း အစစ်အမှန်းမဟုတ်ပါဘူး... ပုဂ္ဂိုလ်ရေးထိခိုက်ပြီးပြောတာတော့ မဟုတ်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ သူနိုင်ငံရေးလုပ်တာလဲ အယောင်ဆောင်နိုင်ငံရေးလုပ်တာပါ သူအဓိက လုပ်နေတာက ကိုယ်ကျိုးစီးပွားပါ လူမျိုးရေးကိုဗန်းပြမယ် မူဆလင်ဘာသာရေးကိုဗန်းပြမယ် အေဒီလို ဗန်းပြပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ လူတွေဆီကေ ငွေကို မလိမ့်တစ်ပတ်နဲ့ရယူမယ် ဒီလိုပေး လုပ်နေတာကြာပြီ အစိုးရကလည်း ဒေါက်တာထွန်းအောင်ကို အကောင်ကြီးထင်နေတာ အမှန်မှာမှားပါတယ် သူဘာမှ မလုပ်နိုင်တဲ့ လူပါ။

Sep 06, 2012 04:33 AM