ဧရာဝတီတိုင်းမှာ ရေရှားမည့် အခြေအနေရှိ

2011-03-07

လာမဲ့ သီတင်းပတ် နှစ်ပတ် လောက်ဆိုရင် ဖျာပုံနဲ့ ဘိုကလေးမြို့နယ်ထဲက ရွာတချို့မှာ သောက်သုံးရေ ရှားပါး ပြတ်လတ်တော့မဲ့ အခြေအနေ ဖြစ်နေပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။

(Photo: RFA)

၂၀၁၀ ခုနှစ် နွေရာသီတွင် သောက်ရေ ပြတ်လပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့ ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ဘိုကလေးမြို့နယ်ထဲမှာဆိုရင် မဂူ ကျေးရွာအုပ်စုနဲ့ ကျွန်းညို ကျေးရွာအုပ်စုတွေမှာ အရင်ဆုံး ရေရှားပါးတော့မှာ ဖြစ်လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကွင်းဆင်း လေ့လာခဲ့တဲ့ အမျိုးသမီးတဦးက RFA ကို အခုလို ပြောပါတယ်။

“ပြည်တော့ ပျက်တော့မယ်။ ဒီနှစ်မှာတော့ အပူချိန်ကလည်း များလာပြီ။ နည်းနည်း မြင့်လာတာ တပတ်လောက် ရှိပြီ။ မိုးကလည်း ဒီနှစ်က ထင်သလောက် မကောင်းဘူးဆိုတော့ ရေ ပြတ်ကာနီးဆဲဆဲ ဖြစ်နေပြီ။ နှစ်ပတ်လောက် ရေကုန်နိုင်တယ်။ ဒါပေမဲ့ မြို့ပေါ်မှာ မဟုတ်ဖူး။ မြို့ပေါ်က ရေကန်တွေကတော့ NGO တွေက အသည်းအသန် တူးပေးထားတဲ့အတွက် ဒီကနေပြီးတော့ အခြေအနေ ကောင်းသေးတယ်။”

လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး အစိုးရနဲ့ အန်ဂျီအိုရုံးတွေ ရှိတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာတော့ ရေတွင်း ရေကန်တွေကို အတော်အတန် ပြုပြင်ထားတဲ့အတွက် လတ်တလော ရေပြတ်မှာ မဟုတ်ပေမဲ့၊  မြို့နဲ့ဝေးတဲ့ ကျေးလက်တွေမှာတော့ ရေပြတ်မှာ စိုးရိမ်နေရပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ဒေသ တော်တော်များများမှာ အဝီစီတွင်းကို ဖြစ်ကတတ်ဆန်းတူးရင်လည်း ရေထဲမှာ စိန်ဓာတ်လို့ ခေါ်တဲ့ အာဆင်းနစ် ပါဝင်နှုန်းများတဲ့အတွက် သောက်ရေအတွက် မသင့်တော်ဘူးလို့ ဆိုပါတယ်။

ဘိုကလေးနယ်တဝိုက်မှာ မနှစ်က ရေတွင်းရေကန်တွေ သွားလှူခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတော့ သူတို့ တူးတဲ့ ရေကန်တွေက ပေ ၂၀၀ ကျော် နက်ပြီး ထွက်လာတဲ့ ရေကိုလည်း အစိုးရဓာတ်ခွဲခန်းမှာ စမ်းသပ် စစ်ဆေးပြီး PH7 အဆင့်မီမှ လူထုကို သောက်သုံးဖို့ ခွင့်ပြုတယ်လို့ ရေတွင်း ရေကန် လှူဒါန်းမှု ကော်မတီ တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဆည်မြောင်းဝန်ထမ်းတွေ ရေမပေးလို့ နွေစပါးတွေ ပျက်တော့မည်

ဖျာပုံ လွတ်လပ်ရေးနေ့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ရောင်းချခွင့်ပိတ်

ဧရာဝတီနှင့် မြစ်ဆုံ

ရွှေတူးလို့ မြစ်ရေညစ်ညမ်းဆဲ

သမ္မတရဲ့ သဝဏ်လွှာ လွှတ်တော်အမတ်တွေ ကြိုဆို

ဧရာဝတီ မြစ်ဆုံစီမံကိန်းအရေး ပညာရှင်တွေ သမ္မတကို တင်ပြမည်

ဧရာဝတီကာကွယ်ဖို့ လှုံ့ဆော်ပွဲ နာရေးကူညီိမူအသင်း ကြီးမှူး ကျင်းပ

ဧရာဝတီကို ကယ်တင်ကြ စာတမ်း ဖြန့်ဝေခဲ့သူကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

ဧရာဝတီ အစဉ်တည်ရှိဖို့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြု

မြစ်ဆုံစီမံကိန်း အကြံပြုစာတမ်း ထုတ်ပြန်ရန် ၁ဝ ပါတီ ဆွေးနွေး